22 || Wedding

3.3K 438 192
                                    

[ Zawgyi ]

စိတ်ရော လူရော ချုံးချုံးကျအောင်
ပင်ပန်းနေပေမယ့် သူအတတ်နိုင်ဆုံး
ကြိုးစားပြုံးသည် ။

ဒီနေ့ဟာ သူတစ်သက်တာမှာ တစ်ခါပဲ
စိတ်နှစ်ကိုယ်နှစ် ချစ်မြတ်နိုးခဲ့ရတဲ့ လူ
ရဲ့ မင်္ဂလာနေ့ရက် ။

ရင်ကွဲရသူဟာလည်း သူပါ ။ မျက်ရည် မ
ဆယ်နိုင်ရတဲ့ သူဟာလည်း သူပါ ။ စွန့်ပစ်
လိုက်တဲ့ သူဟာလည်း သူပါ ။ ကိုယ်ကိုယ်
တိုင် လုပ်တဲ့ အရာတွေအတွက် ဘာကြောင့်
များ သူ့မှာ ခံနိုင်ရည် တစ်စက်ကလေး မှ
ရှိမနေရတာလဲ သူမသိတော့ပါ ။

သူပြိုလဲ ချင်လှပြီ ။ သူအော်ငိုချင်လှပြီ ။
သူမပိုင်ရတဲ့ အဲ့ဒီ အသွေးအသား ကို သူ
တစ်သက်လုံး နောင်တ တပုံတမနှင့် သူ
တောင့်တနေရတော့မည် ။ သိလျက်နှင့်
တောင် ဘာကြောင့်များ သူကိုယ်တိုင် ဒီ
လို လုပ်နေမိလည်း သူကိုယ်တိုင် ပင် မသိ
နိုင်ပါတော့ပါ ။

သူဟာ တကယ်ကို ရူးနှမ်းနေတဲ့ လူတစ်
ယောက်လို ။

WALLY BOSS

flight ချိန် လိုသေး၍ ဂျီမင်း luggage ဆွဲ
ကာ ဖခင်ဖြစ်သူထံ ရောက်ချလာခဲ့သည် ။
ဖခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ အခြေ
အနေကို သိသင့်သလောက် သိခဲ့ပေမယ့်
ကန့်ကွက်ခြင်းမျိုး မရှိခဲ့ ။ .

" မနက်စာ စားခဲ့ရဲ့လား ဂျီမင်း "

" ကျွန်တော် sandwich စားခဲ့ပါတယ် ...
ရုံးချုပ်က စာရင်းတွေ လာအပ်တာပါ ။ ယွန်း
ဂီက လက်ထပ်ပြီးချင်းချင်း ရုံးတက်နိုင်ဦး
မယ်မထင်ဘူး ။ အဲ့တာကြောင့် လောလော
ဆယ်  အာပါးပဲ ထိန်းသိမ်းထားတာ ပို အဆင်
ပြေမယ် ထင်တယ် "

" မင်ယွန်ဂီ့ မင်္ဂလာပွဲကို မတက်တော့ဘူးလား "

ဖခင်မေးခွန်းကို ဂျီမင်း မဖြေနိုင်ပဲ ငိုင်ငိုင်လေး
ဖြစ်နေဆဲ ။

" တကယ်ပဲ ထွက်သွားရင် သား ပျော်နိုင်မှာ
လား ? "

" ကျွန်တော် လုပ်သင့်တာကို လုပ်ခဲ့တာပါ ။
သူနဲ့ ကျွန်တော်က ဘယ်လို လုပ်ဖြစ်နိုင်မှာ
လဲ ?  "

" သားကိုယ်တိုင်တောင် တားထားတဲ့ စည်း
ဘောင်တွေကို ကိုယ်တိုင်ချိုးဖျက်ပစ်ခဲ့သေး
တာပဲ မဟုတ်ဘူးလား ? အခုမှ ဘာလို့ လက်
လျှော့လိုက်ရတာလဲ ? မင်ယွန်ဂီ ရဲ့ အမေက
တောင်းဆိုခဲ့လို့လား ? "

WALLY BOSS ||YOONMIN [completed]Where stories live. Discover now