23 || Paris Nights

3.3K 427 124
                                    

[ Zawgyi ]

မျက်ရည်တွေသာ ငွေ့ရည်ဖွဲ့တတ်ကြေးဆို
ပတ်ခ်ဂျီမင်းရဲ့ ငိုကြွေးမှု့တွေဟာ တိမ်စိုင်
ပင် တည်နေလောက်ရောပေါ့ ။

ပါရီရဲ့ ညတွေမှာ ဂျီမင်း အေးချမ်းမှု့ တစ်
စက်ကလေးမှ မရှိခဲ့ပါ ။ ပါရီရောက် တာ
တစ်လ တင်းတင်းတောင် ပြည့်ခဲ့ပြီ ။

မနက်ပိုင်းတွေမှာ ပုံမှန် ရုံးတက်ရင်း အလုပ်
ကို အာရုံစိုက်ထားပေမယ့် အချိန်အများစု
က သူ့စိတ်တွေ လေလွင့်နေသည်က များ
သည် ။

လွင့်နေတဲ့ စိတ်တွေက တစ်စုံတစ်ယောက်
ဆီ များလား ?

သေချာပေါက် စတွေ့တည်းက သူ့အမိန့်မ
ပါပဲ တဖဝါးတောင် ခြေလှမ်းမခွာခဲ့ဖူးသည့်
ချစ်ရပါသော အတွင်းရေးမှူး မင်ယွန်ဂီ
ကြောင့်ပင် ။

အလုပ်က ပြန်တိုင်း ဘားသွား၊ ကွဲပြဲမူးရူး
အောင် သောက်ပြီး အလွမ်းဒဏ်တွေကို
နှိမ်နင်းဖို့ ကြိုးစားမိတာလဲ သူပါပဲ ။

အလွမ်းတွေ ပွေ့ပိုက်ပြီး ငိုကြွေးမိသူဟာ
လည်း သူပါပဲ ။ တစ်လဆိုတဲ့ အချိန်က
ချစ်ရတဲ့ မင်ယွန်ဂီ ကို မေ့ဖျောက် ပစ်ဖို့
မဆိုထားနဲ့ ။ တွေ့ချင်လွန်းလှပါတယ် ဆို
တဲ့ စိတ်ကိုတောင် ဖျောက်မထားနိုင်ခဲ့ ။

သူအဲ့သလောက်အထိ မင်ယွန်ဂီ့အပေါ်
ချစ်ခဲ့မိတာ ။ ရူးသွပ်ခဲ့မိတာ ။

ဘဝမှာ ပထမဦးဆုံးနှင့် နောက်ဆုံး ကြိမ်
အနေနဲ့ မင်ယွန်ဂီဟာ သူ့အတွက် တစ်ဦး
တည်းသော လူသားပါပဲ ။

ယွန်းဂီကို မပြောပြဖြစ်ခဲ့တဲ့ အကယ်၍
သူတို့ လက်ထပ်ဖြစ်ခဲ့ရင် ဆိုတဲ့ အကြောင်း
အရာတွေ အများကြီး သူ့မှာ ရှိခဲ့သည် ။

ယွန်းဂီအပေါ် သူ့ခံစားချက်တွေ သေချာ
သွားတဲ့ အချိန်မှာတည်းက ယွန်းဂီကို မင်္ဂ
လာ လက်ဖွဲ့ပေးခဲ့တဲ့ အိမ်ကြီးဟာ သူတို့
နှစ်ယောက် လက်ထပ်ပြီးရင် အတူနေဖို့
စိတ်ကူးပြီး ဝယ်ထားခဲ့တာပါပဲ ။

သွေးသားရင်း မဟုတ်ရင်တောင် အေးချမ်း
တဲ့ ဘဝလေးမှာ သာယာတဲ့ မိသားစုလေး
တည်ဆောက်ဖို့ ကလေးလေး တစ်ယောက်
တောင် မွေးစားဖို့ သူ စီစဉ်ခဲ့ပြီးပါပြီ ။

WALLY BOSS ||YOONMIN [completed]Where stories live. Discover now