intro (2)

917 86 2
                                    

Unicode

သူ့နာမည်ကရှုယန်ဂျင်း
အသက်က 18
သူငယ်စဥ်တည်းက ကာတွန်း စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့တယ်
Webtoon ရေးဆွဲသူပေါ့
သူ့ရဲ့ ပုံဆွဲ လက်ရာက ကောင်းလွန်းတာကြောင့် သူပိုပီးအားတက်ခဲ့တယ်
သူအထက်တန်းအောင်ပီးနောက်
အနုပညာတက္ကသိုလ်ကို တက်ရောက်ခဲ့တယ်
ပန်းချီပညာအထူးပြုယူပီးပေါ့

တစ်ဖက်ကလဲ webtoon ဇာတ်လမ်း​လေးတွေရေးဆွဲပီး လိုင်းပေါ်တင်ပေးတယ်
သူရေးဆွဲတာတွေက normal ဝတ္ထုဖြစ်တာကြောင့် အစက ဖတ်ရှူသူ သိပ်မရှိပေမယ့်
ဇာတ်လမ်းရဲ့ ဇာတ်အိမ်ကောင်းမူ
ပန်းချီက အသက်ဝင်လွန်းတာကြောင့်
ပရိတ်သက်အများအပြားရလာခဲ့သည်
ဒါကြောင့် ဇာတ်လမ်းအမြောက်အမြား
ရေးဆွဲခဲ့ရသည်
10ပုဒ်မြှောက်ရေးဆွဲတဲ့အချိန် မှာ သူက
ညဥ့်နက်တဲ့အထိ အစာမစားမိဘဲ လုပ်မိခဲ့တယ်
သူသတိရတဲ့အချိန် အတော့်ကိုမှောင်နေပီ

အဲ့ဒါနဲ့ပဲ သူ ဘာမှမစားမသောက်ပဲ အိမ်ရာဝင်လိုက်တော့တယ်

အဲ့မှာ မှန်းကြည့် သူရေးဆွဲထားတဲ့ webtoon
တွေ သူဖတ်ကြည့်ဖူးတဲ့ ထဲကလိုဘဲ

ယန်ဂျင်းနိုးထလာတော့ သူညက အိပ်ခဲ့တဲ့နေရာမဟုတ်တော့
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေတာမို့

'Fuck! မီးပျက်ပြန်ပီလား ကျောင်းသွားရမှာကိုကွာ'

ဒါပေမယ့် သူ စိတ်ပျက်စွာသည်းညူလို့မဆုံးအသံတစ်သံထွက်လာတော့တယ်

'ဟာ host နိုးလာပီလား ဘယ်လိုနေသေးလဲ
ခေါင်းကိုက်သေးလား'

ယန်ဂျင်း အသံလာရာကြည့်လိုက်တော့
ပန်းရောင်အမွေးပွခွေးလေးဖြစ်နေသည်

သူ့ကိုစကားပြောနေတဲ့ခွေးလေးကိုကြည့်ရင်းတွေးနေတာကတော့

"ဟမ် ငါခွေးဖြစ်သွားတာလားဟင်
ဝုတ် ဝုတ်လို့တောင် ဟောင်ချင်လာပီ"

'host host အဲ ငုတ်တုတ်ကြီးမေ့သွားလားဟင်'

'မင်း မင်းက ဘာတုန်း ခွေးလား ဒါမှမဟုတ် ဘာလေးလဲ'

'အော် host က ကျတော့်ကိုကြည့်ပီး လန့်နေတာကိုး ဟဲဟဲ ဒါက ပုံစံအစစ်မဟုတ်ဘူး
အသွင်ပြောင်းထားတာ host က ခွေးလေးတွေ ချစ်တတ်တယ်ဆိုလို့လေ
တကယ်တော့ ကျတော် က system 54ပါ'

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now