1.2

802 78 1
                                    

Unicode

'ဒါနဲ့မင်းငါမေးတာမဖြေသေးဘူးနော်
ဗီလိန်ကဘယ်သူလဲဆိုတာလေ'

'host အချိန်တန်ရင်သိမှာပေါ့ဗျာ'

ယန်ဂျင်း system နဲ့စကားပြောရင်း
စာသင်ခန်းတစ်ခုလုံးကို ခြုံငုံကြည့်နေလိုက်သည်
သူ့ရဲ့အကြည့်တို့က ကျောင်းသားတစ်ဦး
ကိုင်ဆောင်ထားတဲ့ စာအုပ်တစ်အုပ်
ပေါ်သို့ကျရောက်သွားရသည်
စာအုပ်အဖုံးလေးက နတ်သမီးပုံပြင်ထဲက နတ်သမီးလေးတွေရဲ့ မိတ်ဆွေ ပီတာပန် နဲ့
နတ်သမီးလေး တင့်ခ်ကာဘဲလ် တို့ရဲ့ပုံလေးပင်
သူငယ်ငယ်ကတွေးမိတာ တကယ်ကပီတာပန်အရင်တွေ့ခဲ့တာ တင့်ခ်လေ နောက်မှ ဝင်ဒီနဲ့တွေ့ခဲ့တာ ဘာလို့များ ဝင်ဒီကိုချစ်မိ​​သွား
ရတာလဲလို့လေ
ထားပါလေ
အိုးဟုတ်သား

'system မင်းမှာနာမည်ရှိလား 54 ဆိုတဲ့နာမည်မဟုတ်ပဲနဲ့လေ'

'မရှိပါဘူး host 😙ကျတော့်ကို နာမည်ပေးမလို့လား'

system​လေးဟာ
ယန်ဂျင်းရဲ့အမေးကို ဖြေနေရင်း ပျော်ရွင်မှုကြောင့်သူ့ဘေးပတ်ပတ်လည်ကိုပတ်ပြေးနေလေရဲ့

'ကောင်းပီ ငါမင်းကိုနာမည်ပေးမယ် မင်းမှာအခုကစပီး နာမည်ရှိပီ ငါမင်းကို Pan လို့ခေါ်မယ်'

'😕ဟမ် host ဘာနာမည်ကြီးလဲ '

'အာ အဲ့တာက ငါသဘောကျတဲ့ ကာတွန်းဇာတ်ကောင် perterpan နာမည် ကိုယူထားတာလေ'

'host ကလေးကလားနဲ့'

'မကြိုက်ဘူးလားမကြိုက်ရင်လဲ '

'မဟုတ်ဘူးကြိုက်တယ်ကြိုက်တယ်
ရေး ကျတော့်မှာနာမည်ရှိပီဟေ့'

Pan လေးကတော့ ပျော်ပျော်ကြီး အော်ဟစ်နေတော့တယ်

ယန်ဂျင်း Pan နဲ့စကားပြောနေရင်း မျက်စိထောင့်နားက နေ အခန်းထဲ ဝင်လာတဲ့ လူရိပ်တွေကိုတွေ့လိုက်တယ်

ပထခဆုံးဝင်လာတာက
ဇာတ်လိုက်မ ဖြစ်ပီးတော့ စည်းကမ်းကြီးပီး
စိတ်ထားကောင်းပုံရတဲ့ အမျိုးသမီးတစ်ဦးနဲ့ ယန်ဂျင်းနဲ့ရွယ်တူ ကောင်လေးတစ်ယောက်
ကတော့ နောက်မှဝင်လာတယ်

....... ကဲ ဆရာမတို့ကို အာရုံစိုက်ပေးကြပါ
သားတို့ရဲ့ အခန်းကို ကျောင်းသားတစ်ယောက်ပြောင်းလာတယ် သူက အခုမှ ဒီကျောင်းကိုရောက်ခါစဖြစ်လို့ ကူညီပေးလိုက်ကြပါအုံး သား ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်.......

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now