1.1

935 83 1
                                    

Unicode

ယန်ဂျင်းနိုးထလာတော့ သူစာသင်ခန်းထဲရောက်နေတာကိုသတိထားမိလိုက်သည်
ဒါပေမယ့် ကျောင်းသားတွေက ဘာလို့
ကျောင်းသားပုံစံပေါက်မနေပါလိမ့်

အားလုံးက ခပ်မိုက်မိုက် ခပ်ဆိုးဆိုးပုံပေါက်နေကြသလို ဘဲ
သူတို့အားလုံးထဲက တစ်ယောက်ကတော့
အင်း သူ့ကို ယန်ဂျင်းသိနေသလိုဘဲ ဘယ်မှာမြင်ဖူးနေပါလိမ့် ဆံပင်ကိုလဲဂျယ်လ်နဲ့ထောင်ထားသလို နားကပ်တစ်ဖက်နဲ့ ကျောင်းဝတ်စုံကလဲ ကြယ်သီးတွေအကုန်တပ်မထား
ဒါပေမယ့်လည်း ချောနေတုန်းခန့်နေတုန်း
လောကကြီးကလဲဘက်လိုက်ချက်ပဲ

ဒါဆိုငါကကော ချောလားမသိ

'system လေးရေ ငါ့ရုပ်ကကောချောလားဟင်ဘယ်လိုနေလဲ'

'အော် host ရယ် အရင်ဆုံး ဒီကမ္ဘာရဲ့ဇာတ်ကြောင်းတို့ host လုပ်ရမယ့် mission တို့အဲ့တာလေးတွေအရင်သိအောင်လုပ်ပါ နော်'

'ပို့လိုက်တော့ ရပီ ဇာတ်ကြောင်း'

'ဟမ့်သူ လိုချင်တော့လည်းချက်ချင်း'

ယန်ဂျင်းခေါင်းထဲကိုအချက်အလက်ပေါင်းများစွာဝင်လာတာနဲ့အမျှ ခေါင်းက မခံရပ်နိုင်အောင်နာကျင်လာတာမို့ ရှေ့ကစားပွဲခုံပေါ်သို့မှောက်ချလိုက်ရတော့သည်

သူအချက်အလက်တွေကိုဖတ်ကြည့်တော့

ဒီကမ္ဘာက သာမန်ကမ္ဘာမျိုးပဲဖြစ်ပီး
ဆရာနဲ့ကျောင်းသားအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်

ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စိတ်ထားကောင်းနူးညံ့တဲ့ဆရာမလေးတို့ရဲ့ဇာတ်လမ်းလေးပေါ့

ဇာတ်လိုက်က ဂိုဆောင်ချန်း ဖြစ်ပီးတော့ သူဟာငယ်ငယ်တည်းက မိဘနှစ်ပါးရဲ့ လျစ်လျူရှူမှုကြောင့် ဆိုးသွမ်းနေတာဖြစ်သည်

သူ့မိဘနှစ်ပါးလုံးဟာ ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြပီး သူ့ကိုဂရုစိုက်ဖို့ အာရုံမရှိကြ ကြာတော့
အာရုံစိုက်ခံချင်တဲ့အတွက် ရန်တွေဖြစ် ဆိုးသွမ်းလာတော့သည်

သူ့အသက် 20 နှစ် အထက်တန်းကျောင်းကိုမအောင်သေး မဟုတ် မအောင်အောင်တမင် လုပ်တာဆိုပိုမှန်မည်
သူတို့ရဲ့အတန်းက ဆရာအားလုံးရဲ့ဖယ်ကျဥ်ခြင်းခံထားရသည်
ဆောင်ချန်းက တစ်ခန်းလုံးရဲ့ ခေါင်းဆောင်ဖြစ်ပီးတော့ သူ့အကြောင်း နားလည်ပေးပီး
သူဘာခိုင်းခိုင်းလုပ်ပေးတတ်တာကတော့
မူလကိုယ် ဂျီဟွန်းပင်
တကယ်တော့ ဂျီဟွန်းက ဆောင်ချန်းရဲ့စိတ်ကိုနားလည်ပေးသည့်အပြင် သူဘယ်လိုခံစားနေလဲသိတဲ့အတွက် ကရုဏာသက်ခဲ့တာဖြစ်သည်
ဂျီဟွန်းရဲ့ စိတ်ဆန္ဒက ဆောင်ချန်းအပေါ် ညီရင်းအကိုရင်းတစ်ယောက် လိုထားရှိကြောင်း
အကုန်လုံးမြင်နိုင်ကြလိမ့်မည်
ဆောင်ချန်းကလည်း အဲ့တာကိုအသိအမှတ်မပြုခဲ့ပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးကတော့အဆင်ပြေနေခဲ့သည်

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now