1.5

697 75 0
                                    

Unicode

အကြည့်ချင်းဆုံသွားကြတဲ့ နောက်
ဂျီဟွန်းရဲ့ တဖြည်းဖြည်းနီရဲလာနေတဲ့ ပါးပြင်တွေဆီ အကြည့်ရောက်နေတဲ့ဟွမ်ဝူးကပဲ အခြေအနေကို ထိန်းညှိလိုက်တယ်

ဟွမ်ဝူး.......ငါတို့အခု အတန်းထဲပြန်ကြမလား........

အဲ့ဒီကြမှ ဂျီဟွန်းရဲ့ပါးပြင်က ပိုမို နီရဲလာသလို ဟွမ်ဝူးကိုအကြည့်လွဲပီးမှ

ဂျီဟွန်း......အော သွားကြတာပေါ့........

ဆေးခန်းထဲကအ​ခြေအနေက
ပြန်တိတ်ဆိတ်သွားပီး အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုပေါ်ထွက်လာတယ်

ဆောင်ချန်း........ ဂျီဟွန်း မင်းရဲ့လက်က ဘာဖြစ်ခဲ့တာလဲ.......

ဂျီဟွန်းနည်းနည်းကြောင်အသွားရသည်
သူနဲ့စတွေ့ကတည်းက ဇာတ်လိုက်ဘက်က
စကားစပြောလာတယ်လို့မရှိခဲ့ဘူးလေ
မူလကိုယ်က ဇာတ်လိုက်မအပေါ်ဆက်ဆံမှုကြောင့် သူ့အပေါ် ဇာတ်လိုက်က အမြင်မကြည်နေဘူးမလား
ဒါပေမယ့်လည်း အမေးရှိရင် အဖြေရှိရမယ်လေ

ဂျီဟွန်း....... ငါ ရန်ဖြစ်ခဲ့တာ.......

ဂျီဟွန်းရဲ့ဖြေဆိုမှုအပီးမှာတော့ အခန်းကထပ်မံတိတ်ဆိတ်သွားပြန်တယ်

ဂျီဟွန်း နောက်ထပ် စကားသံကိုနားစွင့်နေတုန်းမှာပဲ သူ့လက်ကိုလာထိတဲ့ လက်တစ်စုံ
ချက်ချင်းပဲနောက်ကိုလှည့်ကြည့်တော့
ဂျောင်းနိုရာ "what?
ဒီဇာတ်လိုက်မ ဘာလုပ်တာလဲဟ"

ဇာတ်လိုက်မက ဂျီဟွန်းရဲ့ ပတ်တီးစည်းထားတဲ့လက်နှစ်ဖက်လုံးကိုသေချာစွာကြည့်ရှူပီးတာနဲ့ ဖတ်ခနဲ ပစ်ချလိုက်ပီး

ဂျောင်းနိုရာ........... ဟွမ်ဝူးက တကယ်ကိုပဲ
ပတ်တီးစည်းတာကျွမ်းကျင်တာပဲနော် ဆရာမတောင်အဲ့လောက်မစည်းတတ်ဘူးရယ် ဟွမ်ဝူးက ဆရာဝန်တစ်ယောက်ဖြစ်လာမယ်ထင်တယ်နော်........

ဂျီဟွန်းတစ်ယောက် ဂျောင်းနိုရာရဲ့အပြုအမှုကို မျက်စိလှန်ပြရုံပဲတတ်နိုင်တော့တယ်
ခဏနေပါအုံး ဇာတ်လိုက်မက ဒီလောက် အထာတွေပေးနေတာကို ဇာတ်လိုက်
ဆောင်ချန်းက ဘာမှမဖြစ်ဘူးလား
ဂျီဟွန်းတွေးလည်းတွေး ဂိုဆောင်ချန်းရှိရာဘက်ကြည့်လိုက်တော့
ဂျီဟွန်းကို အဓိပ္ပါယ်ဖော်လို့မရတဲ့အကြည့်မျိုးနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now