1.3

805 86 4
                                    

Unicode

ဂျောင်းနိုရာ အသစ်ရောက်လာတဲ့ ကျောင်းသားကြောင့် သူမ စိတ်လှုပ်ရှားနေရသည်
ကျောင်းသားအရွယ်နဲ့မလိုက်အောင် တောက်ပလွန်းတဲ့ အရှိန်အဝါတွေ
စူးစိုက်ကြည့်တတ်လွန်းတဲ့ မျက်လုံးတွေ
ခက်ထန်မာကြောနေတဲ့ မျက်နှာ
ဒါပေမယ့် အဲ့ဒီ့ခက်ထန်မှုက သူ့ရဲ့ ခန့်ညားမှုကို ပိုလို့တောင်တိုးစေသလိုပင်

သူနဲ့ ဆောင်ချန်းနှစ်ယောက်သားပြောဆိုနေကြတာကို အစအဆုံးကြားလိုက်ရတာကြောင့် သူ့အပေါ် ပိုလို့တောင်စိတ်ဝင်စားသွားရသည်
ဘာတဲ့ မိန်းကလေးတွေကိုစိတ်မဝင်စားဘူး
အဟမ့် ဂျောင်းနိုရာဆိုတဲ့သူမ ဆွဲဆောင်မှု
အောက် မကျရှုံးတဲ့သူဆိုတာ အခုကော နောင်ကော ဘယ်တော့မှရှိလာမှာမဟုတ်ဘူး

ဂျောင်းနိုရာ စာသင်နေရင်းနဲ့ ဟွမ်ဝူးထိုင်နေတဲ့နေရာကို စိုက်ကြည့်ကာ နှုတ်ခမ်းလှုပ်ရုံလေးစကားတစ်ခွန်းရွတ်လိုက်သည်

"ဂျောင်းနိုရာဆိုတဲ့ မိန်းကလေးနဲ့တွေ့ရင်
ပြောနေကျ စကားတစ်ခွန်းတောင်မှ
ပြောင်းလဲသွားလိမ့်မယ်"

ဂျီဟွန်း တစ်ယောက် ကျက်သီးထနေသလို ခံစားချက်ကြီးရနေတာမို့ ဘေးဘီ ရှေ့နောက်လှည့်ကြည့်မိတော့ သူထိုင်နေတဲ့နေရာကိုကြည့်နေတဲ့ ဇာတ်လိုက်မ
ကြည့်နေတဲ့အပြင် လူယုတ်မာပြုံးက ပြုံးနေသေး
ဘာလား ဘာတွေကြံစည်နေပါလိမ့်

'Pan မင်းငါ့ကိုတစ်ခုကူညီ'

'ဘာကူညီရမှာလဲ host ကျတော် ကူညီပေးနိုင်တာပဲပြောနော် '

'အမ်း မင်းလုပ်နိုင်တာပဲ ပြောမှာပါ
ဇာတ်လိုက်မ ဘာတွေကြံစည် နေလဲ စုံစမ်းပေးပါလား'

'အော် အဲ့ဒါလား host ကလည်း host ဘေးနားက ဗီလိန်ကိုကြံနေတာ host ကိုဘာမှမလုပ်ဘူး စိတ်မပူနဲ့'

'ဟမ်ဟုတ်လား သူက ဘာတွေကြံနေတာလဲ ကောသိလား'

' ဗီလိန်ကိုသဘောတွေကျ နေတာ ​လေမြူဆွယ်မို့ပေါ့ host ကလဲ'

'ဘယ်လို ဇာတ်ကြောင်းမှာကျ သူပဲ ဗီလိန် ဆို
အရမ်း ခါးသီးနေပီးတော့'

'အခု က host ဝင်လာလို့ ဇာတ်ကြောင်းလေး
မဆိုစလောက် ပြောင်းသွားတာလေ ဟဲဟဲ'

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now