1.7

632 59 10
                                    

Unicode

လူတွေစည်ကားနေတဲ့လမ်းမ ထက် အသက်မပါတဲ့ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေတဲ့
ဂျီဟွန်း
သူ့ရဲ့ဘေးမှာတော့ ဟွမ်ဝူးက အရိပ်တကြည့်ကြည့်လိုက်ပါ နေတယ်

ဂျီဟွန်းရဲ့စိတ်အခြေအနေက သိပ်တော့ကောင်းမနေ "မူလဂျီဟွန်း ခုနလိုဖြစ်ရပ်ကြုံခဲ့တုန်းက ဘယ်သူကမှ သူ့ဘက်မှာရှိမနေခဲ့သလို ဘယ်သူမှလည်းသူ့ကိုယုံကြည်မပေးခဲ့
ဂျောင်းနိုရာကျတော့ရော ဇာတ်လိုက်မ ဆိုတဲ့ဖြစ်တည်မှုအရ လွယ်လွယ်နဲ့တော့ မကျရှုံးဘူးတဲ့လား ဟက် မတရားလိုက်တာ "

'host စိတ်မကောင်းမဖြစ်ပါနဲ့ ဒါက ဒီလောကကြီးရဲ့ သတ်မှတ်ချက်ပါ'

'သတ်မှတ်ချက် စကားလုံးလေးက အရမ်းရိုးရှင်းမနေဘူးလား Pan ထားပါ ငါ့ mission ကတစ်ဝက်ပီးပီမလား'

'ဟမ် host ဘယ်ဟာ အော် ဇာတ်လိုက်ကိုမချစ်မိစေရန် မလား
အဲ့ဒါက ပြည့်စုံသွားပီ'

' သဘောက '

'ပီးပီ ပီးဆုံးပီ'

'host အရင်ဆုံး စာလေးကြိုးစားပါ တက္ကသိုလ်မှာ သဘောကျတဲ့ မေဂျာယူနိုင်ဖို့
က ကျောင်းပီးဖို့အမှတ်များများရဖို့လိုတယ်လေ'

'......'

ဂျီဟွန်းစိတ်ညစ်ညစ်နဲ့ခြေဦးတည့်ရာ လျှောက် နေလိုက်တာ အိမ်ကိုတောင်ပြန်ရောက်နေပီဖြစ်သည်
ဘေးက လိုက်လာတဲ့ဟွမ်ဝူးကိုသတိမထားမိဘဲ အိမ်ထဲဝင်ဖို့အလုပ် တစ်စုံတစ်ခုက တားထားတာကြောင့်တစ်လှမ်းမှရွေ့မရ

ဂျီဟွန်းခေါင်းကို တစ်ဖက်လှည့်ရင်း စစ်ဆေးကြည့်တော့ သူ့ရဲ့လွယ်အိတ်ကိုဆွဲထားတဲ့
ဟွမ်ဝူး

ဂျီဟွန်းဆက်ရုန်းကန်မနေတော့ဘဲ မေးလိုက်တယ်

ဂျီဟွန်း........ ဘာလဲ တစ်ခုခုပြောစရာရှိနေလား.......

ဟွမ်ဝူး....... အော ဝမ်းနည်းနေတာလား .......

ဂျီဟွန်း....... အင်း နည်းနည်း.........

ဟွမ်ဝူး...... နှစ်သိမ့်ပေးရမလား.......

ဂျီဟွန်း........ အဲ့လိုလုပ်ပေးမလား......

တစ်ယောက်နဲ့တစ်ယောက် စကားတွေအပြန်အလှန်ပြောနေရင်း ဘာအကြောင်းမှမရှိပါဘဲ အားရပါးရ ရယ်မော လိုက်ကြတယ်

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now