1.4

757 80 2
                                    

Unicode

 
ဟွမ်ဝူးကိုရော ဟွမ်ဝူးရဲ့​ကျောပေါ်မှာ ပါလာတဲ့ ဂျီဟွန်းကိုရော သူတို့သွားတဲ့လမ်းတစ်လျှောက်ရှိနေတဲ့ ကျောင်းသားတွေက
ကွက်ကြည့်ကွက်ကြည့်လုပ်နေကြပေမယ့်
ကာယကံရှင်နှစ်ယောက်ကတော့ ခပ်တည်တည်ပဲ

ဟွမ်ဝူးကိုကြည့်တော့လည်း တစ်လောကလုံးအပိုင်စားရတဲ့ မျက်နှာပေးနဲ့
မပြုံးပေမယ့်ပေါ့လေ

ဂျီဟွန်းကြတော့လဲ အတွေးလွန်နေတာလား
ဘာလားမသိပေမယ့်
သူ့ကိုသေချာကြည့်မယ်ဆိုရင် နားရွက်ဖျားလေးတွေနီနေတာ တွေ့ရမှာပါ

တကယ်​တော့ဂျီဟွန်းထင်နေတာက
သူဒီလိုဖြစ်ရပ်မျိုးကြုံဖူးနေတယ်လို့လေ
တစ်စုံတစ်ယောက်ကလည်းသူ့ကိုဒီလို ဂွန်းပိုးပေးခဲ့ဖူးတယ်လို့လေ

ရှေးခေတ်တရုတ်အဝတ်အစားတွေဝတ်ဆင်ထားတဲ့ ကောင်လေးနှစ်ယောက်ဟာ မိုးရေထဲမှာလမ်းလျှောက်နေကြပီး
အရပ်ပိုရှည်ပီး သန်မာပုံရတဲ့ကောင်လေးဟာ
သူကိုယ်တိုင်က သွေးသံရဲရဲဖြစ်နေသည့်တိုင်အောင် သူ့ဘေးက ကောင်ငယ်လေးကို အရိပ်တကြည့်ကြည့်လုပ်နေလေရဲ့

နည်းနည်းလောက်ကြာလာတော့ ကောင်ငယ်လေးဟာ မိုးရေထဲကိုတစ်ကိုယ်လုံးထိုင်ချလိုက်ရင်း

........ရန်လျိုထျန်း ကျတော်ဆက်မလျှောက်နိုင်တော့ဘူး တည်းခိုခန်းတစ်ခုစီသွားနားကြမယ်လေလို့နော်နော်..........

ကောင်ငယ်လေးဟာ ငိုမဲ့မဲ့ လေးနဲ့ ပြောလိုတယ်သူ့ရဲ့အကြည့်တွေကလည်း သွေးတွေတစက်စက်ကျနေတဲ့ လျိုထျန်းဆိုတဲ့ကောင်လေးရဲ့ လက်ဆီမှာ မြဲနေလေတယ်

လျိုထျန်းကလည်း ကောင်ငယ်လေးရဲ့ ရှေ့မှာကျောပေးထိုင်ချလိုက်ပီး
......... ယန်အာ မဆိုးရဘူးလေ ကိုယ့်ကျောပေါ်တက် ကိုယ်မင်းကိုဂွန်းပိုးမယ် လာ.............

လျိုထျန်းပြောလိုက်ကာမှ ကောင်ငယ်လေးက ရွာနေတဲ့မိုးစက်တွေနဲ့အပြိုင်ငိုကြွေးတော့တယ် သူ့ရဲ့လက်သီးစုပ်တွေနဲ့ကျောပြင်ကိုလည်း ညင်သာစွာထုရိုက်ရင်းပေါ့

.........ယန်အာ မဆိုးရဘူးလေ မင်းလက်လေးတွေနာလိမ့်မယ်တော်တော့ မင်းကိုယ့်ကျောပေါ်မတက်ဘူးဆိုရင် ကိုယ်လည်း ဒီမိုးရေထဲမှာပဲနေတော့မယ် ဘယ်လိုလဲ........

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now