အပိုင်း ၃

3.2K 100 0
                                    

[ Zawgyi ]

'ရော့...စားလိုက် '

ကမ်းလာတဲ့ ပေါင်မုန့်နဲ့ ကော်ဖီကိုင်ထားသောလက်ကို မျက်နှာလွှဲလိုက်ရင်

'ရိုး.. '

'စားမယ် စားမယ် တကယ်ပါဘဲ '

'ရိုး ငါဟိုရောက်ရင် တော်တော်နဲ့အားမှမဟုတ်တော့ဘူး အဲ့တာ.. '

'ငါသိတယ်!! နင် ငါ့ဆီစာလည်းရေးဖို့မအားသလို ဖုန်းလည်းမဆက်နိုင်ဘူးဆိုတာ '

ရိုးစိတ်တိုစွာနဲ့ ပြောလိုက်မိသောကြောင့် ရွက်ကြွေမှာ မိမိကို အားနာသလို ပုံစံဖြင့်

'ဘာလို့ငိုတော့မယ့်ပုံလဲ မသိရင် ငါကဘဲနင့်ကိုအနိုင်ကျင့်နေတာကျနေတာဘဲ '

' နင်ပြောတာက မှန်နေတာကိုး'

'ရတယ် နင်က အားမှမအားတာ'

'ငါအချိန်ရရင် ရသလို ဖုန်းဆက်ပါ့မယ် စိတ်တော့မဆိုးဘူးမလား '

'.......'

' ငါ မကြာမကြာပြန်လာမယ်လေနော် '

' တကယ်လားး'

'အင်းပေါ့ ဘာလို့ညာရမှာလဲ '

'အင်း ပြီးရော '

ပြုံးရီရီဆိုတော့မှသာ ရွက်ကြွေစိတ်အေးမိသည်။

ရိုးက စိတ်ဆိုး ဒေါသဖြစ်ရင်တော်တော်နဲ့ စိတ်မပြေတတ်သလို စိတ်နုတဲ့သူမို့ ရွက်ကြွေပိုသတိထားရသည်။

ရွက်ကြွေမှာ အဒေါ်ဖြစ်သူ ဒေါ်သူဇာနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေရသူဖြစ်သည်။ရွက်ကြွေတို့မှာ ရိုးကဲ့သို့ မျိုးကြီးတွေမဟုတ်ဘဲ အနေအထားတစ်ခုထိ ကြွယ်ဝချမ်းသာပါသည်။

'ရိုး '

'ဟင် '

'ငါလေ နင့်ကိုမခွဲချင်ဘူး '

' ဒါဆို မသွားနဲ့တော့ ငါရှာကျွေးနိုင်တယ်'

' ဟက်..'

'ဘာရီတာလဲ ငါက မကြာခင်ကျောင်းပြီးတော့မယ့်သူ '

ရိုးပြောတာ မမှားပေ။ မကြာခင် ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲသို့ဝင်လျှင် ရွယ်တူတွေထက် သာတဲ့နေရာမှာ နေရာရနိုင်ဖို့ ဘွဲ့ရလက်မှတ်တစ်ခုကြီး ရှိနေပြီလေ။

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now