အပိုင်း ၁၈

2.1K 78 0
                                    

[ Zawgyi ]

' ရိုး!!'

လမ်းတစ်ကမ်းမှာရှိတဲ့ ချစ်ရသူကြားရစေဖို့ သျှင်းခေါ် လိုက်သည်။လှည့်ကြည့်လာပြီး သျှင်းဆီကို ပြေးလာသည်။သျှင်းလည်းထိုနည်းတူ သူမဆီ အပြေးသွားသည်။သို့သော် မရောက်နိုင်ဖြစ်နေသဖြင့် သျှင်းသံသယ၀င်လာသည်။

ရိုးကတော့ ပြေးနေတာက်ု ရပ်ကာ သူ့အားလက်ဆန့်တန်းပြီးဆီးကြိုနေသည်။အပြေးသွားပြီးပွေ့ဖက်ချင်ပြီမို့ အမြန်ပြေးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းပေ သျှင်းနှင့် ရိုးအကြား အနီရောင် ကုန်တင်ကားတစ်စီးဖြတ်ပြေးသွားသည်။
ဖြတ်သွားသော အနီရောင်ကားက သူ၏ချစ်ရသူများခေါ်သွားလေသလား??

ထိုနေရာ၌ရိုး ရှိမနေတော့။လက်ထဲမှ ကိုင်ထားသော နှင်းဆီပန်းစည်းကို ပစ်ချကာ ထိုကားနောက်အပြေးလိုက်ခဲ့သည်။

အပြေးလိုက်နေရင်း တံတားဆုံးသို့ရောက်ခါနီးပြီမို့ အပေါ်က တံတားအမည်ကို တွေ့လိုက်သည်။

' မရဏ ' တဲ့

လန့်နှိုးလာခဲ့သော်လည်း အစွဲကြီးလွန်းတဲ့သျှင်းက တော်ရုံမမေ့နိုင်..။သူ၏စိတ်ထဲတွင် သူက ရိုးကို...မဖြစ် ။ မပိုင်ဆိုင်ရရင်တောင် မြင်ချင်ဆုံချင်သေးသည်မို့ ရှေ့မတိုးရဲခဲ့။

ထိုနေ့မှစ၍ ဆုံးဖြတ်ချက်ချခဲ့သည်။ထိုဆုံးဖြတ်ချက်ကတော့ 'မင်းကို ပိုင်ဆိုင်ချင်တယ် ပိုင်ဆိုင်ပြီးတော့မှ ဆုံးရှုံးရမယ်ဆို ကိုယ်မင်းကို အမြဲအဝေးကနေကြည့်နေမှာ ရိုး'

အိမ်မက်တွေရဲ့အစက ထပ်တူညီသလောက် အဆုံးသတ်က ကွဲပြားနေသည်။သူတို့ကံကြမ္မာက ဘယ်တွေဆီဦးတည်နေတာလဲ???

~~~~

ရိုး ဒီနေ့ဆိုင်လာတော့ စိတ်တွေလေးနေသလို စိတ်မရွင်။

' မမလေး ဒီစာရင်းလေး တစ်ချက်လောက်စစ်ပေးပါလား '

ဝန်ထမ်းကောင်မလေးတစ်ဦးပြောမှ ရိုးအသိဝင်လာသည်။

'ဟမ်..အေး ပေး '

ရိုး အဲ့အိမ်မက်ကို အစဖျောက်ပစ်ရန်အတွက် အလုပ်ထဲသာ အာရုံစိုက်ခဲ့သည်။

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now