အပိုင်း ၁၅

2.1K 89 2
                                    

[ Zawgyi ]

' သျှင်း!!'

ခေါ်သံလာရာ အနောက်ကို လှည့်ကြည့်လိုက်တော့ ရိုး ခမျာ ဟင် ကနဲဖြစ်သွားတော့သည်။
သူက ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?

' သျှင်း!!  လာအထဲဝင်ရအောင်လေ '

'ဟင်! အင်း  သွားတာပေါ့ '

ရိုးအနောက်လှည့်ကြည့်ပြီး အံ့သြလို့မှ မဆုံးသေးအရှေ့ကိုပြန်ကြည့်လိုက်တော့ အနီရောင်ဂါဝန်ကြိုးပြတ်နဲ့ မိန်းကလေးက သျှင်းရဲ့လက်ကိုဆွဲပြီးခန်းမထဲသို့ ၀င်ရန်ခေါ်သွားသည်။

ဒါက ဘယ်လိုအခြေအနေပါလိမ့်???

ထို့နောက်စေသည် အံ့သြနေသော ရိုးရဲ့ အနားကို ကပ်လာကာ

'ထပ်တွေ့ကြပြီနော် '

' အင်း  ကျွန်မတို့က ရေစက်ထင်တယ်နော် '

' ဟက်..ဖြစ်မယ် '

' ဒီကို ဘယ်လိုရောက်တာလဲ'

' ကားစီးပြီးရောက်လာတာပေါ့'

' အာ..ဟုတ်လား  ကျွန်မ မသိလို့'

' နောက်တာပါ ဒီပွဲစီစဉ်သူက ဖိတ်လို့လေ'

' အော် '

' မင်းကော'

'ဖေဖေ့နောက်လိုက်လာတာ '

' အော်  အထဲဝင်ရအောင်လေ'

' ဒီနေ့ ကျွန်မရဲ့ပါတနာအဖြစ်နေပေးမလား'

' သိပ်ရတာပေါ့ '

'၀င်ရအောင် '

ရိုးလည်း စေရဲ့ လက်မောင်းကို ချိတ်ဆွဲကာ ခန်းမထဲသို့ ၀င်သွားသည်။အထဲဝင်သွားတော့ ရိုးတို့ ဦးရိုးမဟာအနားမှာ သာ သွားထိုင်ရန်လုပ်တော့

'ဟင်! မောင်ရင်တို့ '

'ဖေဖေ ဒါ သမီးရဲ့ တစ်ရက်တာ ပါတနာလေ'

'ဟေ!!!  အေးပါကွယ် လုပ်ချင်တာသာ လုပ်ပါ '

' ဟီးး'

ထို့နောက်မကြာ ရိုးတို့ ထိုင်နေသော ၀ိုင်းမှာ ဝဏနှင့် သျှင်းတို့လာ ထိုင်ကြသည်။တစ်ဝိုင်းတွင် လူ၅ယောက်သာ ထိုင်နိုင်သဖြင့် ရိုးသည် သျှင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now