အပိုင်း ၈

2.1K 92 0
                                    

[  Zawgyi ]

ရိုးအိမ်ခန်းထဲသို့ ၀င်ပြီးလျှင်ပြီးချင်း ပထမဆုံးလုပ်သည့်အရာမှာ
'ဟယ်လို  ငါပြန်ရောက်ပြီလို့ လှမ်းပြောတာ '

ရိုးသည် သျှင်းရဲ့ အိမ်ပြန်ရောက်ရင် ဖုန်းဆက်နော် ဆိုသည့်စကားအတိုင်း ဖုန်းဆက်ပြောခြင်းဖြစ်သည်။

' အင်း '

' နောက်တစ်ခါ ငါဝယ်ကျွေးမယ် '

'ရပါတယ်  ရိုးရဲ့ '

'ဘာကို ရ ရမှာလဲ ဒါဆိုမနက်ဖြန်မှတွေ့မယ်နော် ဘိုင့် '

' ဟုတ်ကဲ့ပါဗျ '

ဟီးးးဟီးးး

အပြုံးလွန်ကာ အသံထွက်ရီမိသူ ရိုးမှာ အလှပြင်ထိုင်ခုံပေါ်တွင် လက်ဖဝါးပေါ်မေးထောက်ရင်း ညနေက အချိန်တွေကို ပြန်တွေးနေမိသည်။

အသဲခွဲ ဘုရင်မတစ်ယောက်က လူတစ်ယောက်ကို ချစ်မိသွားတာ များလားး?

'ဒီလိုကျတော့လည်း ကြည်နူးဖို့ကောင်းသားဘဲ '

' မှန်လေးရေ  မှန်လေးရေ  အချစ်ဆိုတာကောင်းလားဟင်'

အလှပြင်ခုံပေါ်မှာ ထောင်ထားတဲ့ ဒေါက်ထောက်မှန်ကို ကြည့်ရင်း ရီဝေေ၀မျက်လုံးတွေဖြင့်မေးလိုက်သည်။

ရိုးလည်း လက်ဝတ်လက်စားတွေဖြုတ်ကာ အိမ်ပြန်လမ်းတစ်လျှောက်လုံး  တွေးလာမိသည့်သူကို မေ့ပျောက်ဖို့ ရေချိုးရန်ပြင်လေတော့သည်။

ဒါတောင် မအိပ်ခင်လေးမှာ တွေးလိုက်မိသေးတယ်...

~~~~

'ရိုး  မင်းကတကယ်ဘဲ ဖြူစင်နေတာလား ဒါမှမဟုတ်ရင် ကျစ် '

Bath tubထဲမှာ ထိုင်နေရင်း သျှင်းစိတ်ရှုပ်မိသည်။
ဘာလိုလိုနဲ့ ယခုပင် လ၀က်ကျော်နေလေပြီလေ။ရည်းစားဖြစ်ဖို့မပြောနဲ့ friend zoneထဲမှာ ၀င်ရောဖို့ ခြေထောက်တစ်ဖက်တည်းသာ လှမ်းရသေးသဖြင့် သျှင်းစိတ်မအေးနိုင်တော့။

အခက်အခဲတွေကို ဘယ်လိုအခြေအနေဘဲရောက်ရောက် မတုန်လှုပ်တဲ့သူက ယခုပင် ရတက်မအေးစိတ်ပူနေမိသည်။လောင်းကြေးလောင်းစားမရှိသ်ာလည်း မာနကိုတော့ အကျမခံနိုင်။နိုင်ငံပတ်ပြီးတွဲလာခဲ့တဲ့ ကောင်မလေးတွေက နည်းမှမနည်းဘဲ။ဒီတစ်ယောက်နဲ့ ကျမှ သျှင်းအချေခံလိုက်ရပြီ ဆိုရင်တော့ ဘယ်လောက်တောင် မာနထိခိုက်လိုက်လေမလဲ...
မဖြစ်  သျှင်းအမြန်နည်းသုံးမှ  ဖြစ်တော့မည်။

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now