အပိုင်း ၎

2.6K 103 0
                                    

[ Zawgyi ]

' လာတက် လိုက်ပို့ပေးမယ် '

' ဗျာ!! '

ကြောင်ကာ ကြည့်နေသော ကောင်လေးအား ရိုးစိတ်မရှည်စွာဖြင့်

'တက်လို့ လိုက်ပို့ပေးမယ်လို့ '

'ဟုတ်ကဲ့ '

သျှင်းဆင်ထားသော ထောင်ချောက်ထဲသို့ တည့်တည့်ဝင်လာသော ရိုး။
သျှင်းသည် အရာအားလုံးကို စုံစမ်းပြီးမှသာ ပွဲကို စ လေခြင်းဖြစ်သည်။

ရိုးသွားတတ်သော နေရာ ၊ ကြိုက်သည့်စားစရာ ၊ မကြိုက်သည့်အပြုအမူ ၊ တွဲခဲ့ ဖူးတဲ့ ကောင်လေးတိုင်းရဲ့ အကြောင်း အစအဆုံး စုံစမ်းထားပြီးဖြစ်သဖြင့် သျှင်းအတွက် အခက်အခဲ သိပ်မရှိ ။သို့သော် ကိုယ်ရေးကိုယ်တာတွေတော့ မပါခဲ့ပေ။

' ဘယ်မှာ နေတာလဲ? '

' ကျနော် လရိပ်အိမ်ရာဝင်းထဲမှာနေပါတယ် '

' အာ..'

' သိလို့လား '

'အင်းသိတယ် အရင်က မိတ်ဆွေဟောင်းတစ်ယောက်အဲ့မှာနေခဲ့ဖူးလို့ '

' အော် ဟုတ်ကဲ့ ဗျ
ဒါနဲ့ ကျွန်တော့်နာမည်ကို သိရောသိရဲ့လားဗျ'

' မသိဘူး '

'ဒါဆို ဘာလို့ခေါ်တင်လာတာလဲ? '

'တစ်ခန်းထဲက သူငယ်ချင်းလေ '

' ကျွန်တော်က လူဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ'

'မင်းလား လူဆိုးရုပ် ဟားးဟားး '

ချောတဲ့ လူဆိုးတွေအများကြီးရှိတယ် အမရာရိုး
မင်းက ငါထင်ထားတာထက် ပိုပြီးဖြူစင်နေသလိုဘဲ
မဟုတ်မှ ဟန်ဆောင်နေတာများလားး

' ကျွန်တော့်နာမည်က သျှင်းထက် ပါ'

'အင်း မင်း ဆိုင်မှာတုန်းက ဘာပြောမလို့လဲ ငါက စာဖတ်နေရင် အဲ့လိုဘဲမို့ '

' အမ်.. ဟို ဘာမှမဟုတ်တော့ပါဘူး'

'ရပါတယ် ပြော ဘာလို့ရှက်နေတာလဲ'

' ဟို ဟို နင့်ကိုပြောရမှာအားနာတယ်'

' အဲ့တာဆို မပြောနဲ့တော့'

'ဟို..ဟို ငါ့ကို ပိုက်ဆံ ၁၅ သိန်းလောက်ချေးပေးနိုင်မလား '

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now