[ Zawgyi ]
'ဟယ်လို ရွက်ကြွေ '
!!ရွက်ကြွေတဲ့!!
'အခုလား ငါထမင်းစားနေတာ ဘာလို့လဲ '
' ...... '
' ဘယ်တော့လဲ ငါလာကြိုမယ်လေ '
' ...... '
' ရပါတယ် တစ်ယောက်ထဲရှိတဲ့ သူငယ်ချင်းကို လာကြိုရမှာပေါ့ '
' ..... '
' အင်း see you soon '
ရိုးဖုန်းပြောပြီး၍ ရှေ့ကိုကြည့်လျှင် အတွေးလွန်နေကာ ငိုင်နေသူကို
' ပြောပါဦး ဘာတွေတွေးနေတာလဲ '
' ဟင် '
' စဉ်းစားဖို့ အချိန်၃ရက်ပေးမယ် ၃ရက်ပြည့်ပြီးရင် တိကျတဲ့ အဖြေပြန်ပေးပေါ့ ဘယ်လိုလဲ'
' ၃ရက်က မနည်းလွန်း..'
' နည်းနေလို့လား သျှင်း'
' ဟမ် '
မျက်ဝန်းကို စိုက်ကြည့်ကာ ရုပ်တည်ဖြင့် ပြောလာသူကြောင့် သျှင်းမနေတတ်တော့။ တကယ်ဆို ဒါက သျှင်းအတွက်ပိုတောင် ကောင်းသေးတဲ့ဟာ ဘာလို့မှန်းမသိ သျှင်းစိတ်ကျဉ်းကြပ်လာရသည်။
စော်ကြည်ဘဲလို ရေပန်းစားလာတဲ့သူက အဖွင့်ပြောခံရဖူးပေမဲ့ ဒီတစ်ခေါက်တော့ သျှင်းစိတ်ထဲကို တကယ် မရိုးမယွ ဖြစ်စေသည်။
' ဟို ရိုး'
'ဟင် ပြောလေ '
ခေါ်သာခေါ်ခိုက်ရတယ် ဘာပြောစရာမှမရှိ။ ကံကောင်းစွာဖြင့် ၀ိတ်တာ တစ်ဦးမှာ စားစရာများကို လာပို့ပေးလေသည်။
' ဟို အရင်စားရအောင်လို့ '
' ကောင်းပြီလေ စားပြီးမှပြောလို့ရတာဘဲ '
သျှင်းငိုချင်စိတ်ပေါက်လာသလိုပင်။မဟုတ်သေးပါဘူး ကိုယ်က စဖွင့်ပြောပြီး ချုပ်ရမှာကို အခုတော့ ချုပ်ခံပြီးလို့နေလေပြီလေ။
စားသောက်ခြင်းအမှုပြီးစီးသော်
' ရိုး ကိုယ်အမှန်အတိုင်းပြောမယ်နော် '
'ပြောလေ '
'ဘာလို့ကိုယ့်ကိုကြိုက်တာလဲ '
YOU ARE READING
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...