အပိုင်း၁၁

2K 96 2
                                    

[  Zawgyi ]

ဒီနေ့သည် ရိုးတို့တွဲလာတာ တစ်လပြည့်သလို ရိုးတို့စာမေးပွဲကြီး၏ နောက်ဆုံးရက်ဖြစ်သည်။
သျှင်းသည် ရိုးကိုချစ်သဖြင့် ဒီနေ့မခွဲခင်လေးမှာ အားလုံးကို ၀န်ခံဖို့ဆုံးဖြတ်ထားသဖြင့် ရိုးကို ကျောင်းကန်တင်း၏ အနောက်ဘက်ရှိသော သစ်ငုတ်တိုရှိရာကိုခေါ်လာခဲ့သည်။

' သျှင်း ဘာပြောမလို့လဲ မြန်မြန်ပြော ငါသူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့ '

သစ်ငုတ်တိုရှိထိုင်ခုံမှာထိုင်နေသော သျှင်းရဲ့ အနောက်မှ အလျင်လိုနေသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။သျှင်းသည် လည်းယနေ့မှ သရုပ်မှန်ကို ထုတ်ပြောဖို့အတွက် နီညိုရောင် ပိုးသားရှပ်ကို ဒူးပြဲအနက်ရောင်ဂျင်းဘောင်းဘီရှည်ဖြင့် တွဲဝတ်ထားသည်။၆ပေရှိသော အရပ်ရှိသဖြင့် ခြေတံရှည်မှာလည်းကြည့်ရဆိုးမနေပါ။ ကြယ်သီး၃လုံးလည်းဖြုတ်ထားသဖြင့် ရင်ဘတ်၌ ဖြူစွတ်သော အသားအရေက ထင်းထွက်နေသည်။
ဆံပင်ကိုလည်း အရှေ့မှာချထားသဖြင့် မကျယ်မကျဉ်းနှဖူးလေးမှာလည်း ရှုပ်တိရှုပ်တဖြင့် ခန့်မောနေသည်။

'ရိုး ကိုယ်မင်းကိုလေ အမှန်အတိုင်းဖွင့်ပြောမလို့ '

' ဘာဖွင့်ပြော...'

တီ..တီ...(ဖုန်းမြည်သံ)

ရိုးရဲ့ အမေးစကာမဆုံးခင်မှာဘဲ လက်ထဲမှာ ကိုင်ထားသော ဖုန်းလေးက မြည်လာလေသည်။

' ခနနော် သျှင်း
ဟယ်လို ပြော '

' ........ '

'အင်း ခနစောင့်နေ '

'ပြော သျှင်း ဘာပြောမလို့လဲ '

' ကိုယ် ကိုယ်..ရိုးဘယ်သွားမလို့လဲ'

' မတွေ့တာကြာတဲ့သူငယ်ချင်းနဲ့ ချိန်းထားလို့ '

' အော် ကိုယ်ပြောမဲ့အမှန်တရားကလေ ကိုယ်မင်းကို ကစားခဲ့တာ ရိုး ဒါပေမဲ့ မင်းကိုတစ်ကယ်ချစ်မိသွားတယ် ရိုး'

' ဘာပြောတယ်!! '

' မင်းစိတ်ဆိုးမယ်ဆိုတာာ ကိုယ်သိတယ် ရိုး
ကိုယ်သာမင်းကို ကစားဖို့တစ်ခုတည်းအတွက်ဆို ကိုယ်ဒီလို ဖွင့်ပြောမှာ မဟုတ်ဘူး ပြီးတော့ ကိုတို့တွဲခဲ့သမျှကာလပတ်လုံးက ကိုယ့်ရဲ့စိတ်ရင်းအမှန်တွေဘဲ '

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now