အပိုင်း (၂)

1K 115 4
                                    

{Unicode🍁}

တစ်ခါတစ်လေ
အကြောင်းကြောင်း ကြောင့်
မြိုသိပ်လိုက်ရတဲ့ စကားလုံးတွေ
ရှိတယ်....။

***

မခူးရက်ပါ... မခြွေသာ၍... ။

အမြင်...။

"မောင်လေး... အဲ့ဒီငန်းလေး ပြီးအောင်နှုတ်လိုက်နော်....။ အစ်မတို့က ဒီဘက်ကို ဆွဲလိုက်တော့မယ်...."

ကျွန်တော်တို့ နွေရာသီကျောင်းပိတ်ရက်များမှာတော့ နယ်ဘက်မှာ ရှိသည့် အလုပ်များကို လိုက်ပြီး လုပ်မိသည်။ နွေရာသီအလုပ်ရှားပေမယ့် ကျွန်တော်တို့ဘက်မှာတော့ နွေလယ်နှင့် တစ်ခြား နှီးဖျားတာမျိုး၊ တောင်းယက်တာမျိုး....။ တစ်ခြား နေ့စားအလုပ်များ အများကြီး ရှိပါသည်....။

ဒီနေ့တော့ ကျွန်တော် နွေလယ်ပေါင်းဆွဲကို အစ်ကို့ကို အသိမပေးဘဲ လိုက်ခဲ့မိသည်။ တကယ်တော့ ဒီလိုလိုက်စရာ မလိုဘဲ ကိုယ့်အလုပ်ကို အေးဆေးလုပ်လို့ရပါသည်။ သို့သော် အခုနောက်ပိုင်း ကျွန်တော် စောင့်ထိန်းရမယ့်အပိုင်းတွေအများကြီး ရှိပါသည်။ ကျွန်တော်က အမျိုးသမီးတစ်ယောက် မဟုတ်ပေမယ့် ကျွန်တော့်ကြောင့် အစ်ကို့အနေအထား ပြောင်းလဲသွားမှာကို မဖြစ်စေလိုပါ.....။

"ရိပ်ငယ်.... ငါတို့ ဘယ်အချိန်စားရမှာလဲ?? ဒီနှစ်ဝါမဝင်ခင်တော့ လုပ်လိုက်တော့အေ...."

ကျွန်တော်နှင့်အတူ အလုပ်လုပ်နေသည့် အစ်မတစ်ယောက်ထံမှ အသံကြားစဥ်မှာတော့ မနုရိပ်ငယ်က ပြုံးလာသည်....။

"မမှန်းရဲသေးပါဘူး....အစ်မကြီးရယ်....။ သူက ရိပ်ငယ်ကို နှမလေးတစ်ယောက်လိုပဲ...။ သူနဲ့က အိမ်ကတောင် ဘာမှမပြောတာကို.... မသိတော့ပါဘူး အစ်မကြီးရယ်....။"

ထိုအစ်မပြောသည့် သူဆိုတာ....
ကျန်တဲ့သူ မဟုတ်.... အစ်ကိုပါလေ....။
အစ်မဆုံးပါးသွားပြီးကတည်းက အစ်ကိုက ကုံလုံလေးနှင့် ရှိခဲ့ပါသည်။ ကလေးတစ်ယောက် မုဆိုးဖိုကို ဘယ်လိုအပျိုလေး မိဘများကပါ သဘောတူတာမျိုး မရှိခဲ့ပေမယ့် အစ်ကိုက အသက်အရွယ်၊ စီးပွါးရေး၊ တည်ကြည်မှု ရှိတာမို့သဘောမတူရင်တောင် အရမ်းကြီး ကန့်ကွက်တာမျိုး မရှိပါ။

မခူးရက်ပါ... မခြွေသာ၍ Where stories live. Discover now