အပိုင်း (၃)

933 105 6
                                    


{Unicode 🐾}

တစ်ခါတစ်လေ
ကျွန်တော်က
အစ်ကို့နှလုံးသားက မွေးဖွားလာတဲ့သူ
ဖြစ်ချင်မိတယ်...။

****

မခူးရက်ပါ... မခြွေသာ၍... ။

ဖြစ်ချင်မိတာမျိုး....။


ယခင်အပိုင်းမှ အဆက်....

"အထီးလေး...."

သားငယ်လေးက ဘေးကနေ ထိုက​လေး လက်မောင်းကို ကိုင်ထားသည်....။ ထိုကလေးကတော့ မျက်နှာက ပြောင်တင်းစွာ ရှိနေပြီး အပူရှိန်ကြောင့် တစ်ကိုယ်လုံး နီမြန်းနေသည်....။ နောက်ပြီး မျက်လုံးများကို မှိတ်ထားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

နောက်ပြီး သူ့အိပ်ရာဘေးမှာ သားငယ်လေး ဝယ်လာဟန်ရှိသည့် မုန့်တစ်ချို့နှင့်အတူ ၊ ဆေးပြားတစ်ချို့....။ ထိုကလေးက အသက်ကို ပင့်ရှုပြီး သတိလစ်သွားဟန် ရှိသည့် ပုံစံကြောင့်....။

"သားငယ်... ဦးဦးကို ဆေးမကျွေးရသေးဘူးလား? ဘယ်အချိန်ကတည်းက အခုလို နေမကောင်းဖြစ်နေတာလဲ??"

ထိုကလေး၏ မီးခဲတမျှ ပူလွန်းလှသော ခန္ဓာကိုယ်ကို ပွေ့လိုက်ပြီး သားငယ်လေးကို မေးလိုက်တော့ သားငယ်လေးက မျက်နှာငယ်လေးနဲ့ပင်....။

"မသိဘူး.... သား ပြန်ရောက်လို့ ဖေဖေမရှိမှန်းသိလို့ ဦးငယ်ကို ခေါ်တော့ ပြန်ထူးသံမကြားတာနဲ့ အိမ်ပေါ်ကို လိုက်ရှာတာ....။ အဲ့ဒါ ဦးငယ်ကို အခန်းထဲမှာ အဲ့လိုတွေ့ရတာပဲ....။ အစောနကတော့ သားကို ဆေးဝယ်ဖို့ ပြောထားတာ....။ အခု ခေါ်လို့မရတော့ဘူး....။ လုပ်ပါဦး... ဖေဖေ...။ ဦးငယ် ဘယ်အချိန်တုန်းက နေမကောင်းဖြစ်နေတာလဲ မသိဘူး...."

သားငယ်လေးဆီက စကားကြားမှပင် ထိုကလေး၏ မျက်နှာကို ကြည့်မိပြီး စိုးရိမ်စိတ်များက ပိုပြီး များလာရသည်။ တစ်ကိုယ်လုံး ပူကျစ်နေပြီး သူ့ကိုယ်ပေါ်က အကျီ်များက ချွေးစများဖြင့် စိုရွှဲနေသည်မို့.... သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ဖယ်ထုတ်ဖို့ ပြင်မိတော့သည်။ သူ့သေတ္တာထဲမှ အကျီ်အဝတ်အစားများကို ထုတ်ပြီး လဲပေးဖို့ ပြင်မိတော့သည်......။

မခူးရက်ပါ... မခြွေသာ၍ Where stories live. Discover now