{Unicode}
...တစ်ခါတစ်လေ
အချစ်ကြောင့် ပန်းတွေမပွင့်ခဲ့ပေမယ့်
မြတ်နိူးမှုတွေကြောင့်လည်း
ဝေခဲ့တဲ့ ပန်းတွေဟာ
မခူးရက်ပါ မခြွေသာခဲ့၍....။***
ဒီတစ်ခါ ေ၀ခဲ့သည့် ပန်းများက မြတ်နိူးမှုကြောင့်သာ....
အရှေ့ကို လျှောက်ပါလို့...
အနောက်ကိုတဲ့ မျှော်လိုက်ရင်။စာပုလွေ ... ရင်မှာပိုက်ပါလို့...
စာပုလွေ အမေ့ရင်မှာ ပိုက်ပါလို့။ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်။
"အဲ့လိုလေးလား ဦးဦးငယ်။ ဒါဆို သားက ရှင်လောင်း၀တ်ရတော့ရမယ်ပေါ့နော်။""ဒါပေါ့... သားရယ်။ သားက ရှင်လောင်း၀တ်ရတော့မှာပေါ့။"
မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသည့် အထီးနှင့် သားငယ်လေးကို မီးဖိုခန်းထောင့်စွန်းမှ ကုလားထိုင်ပေါ် ထိုင်နေရင်းမှ ငေးကြည့်နေမိသည်။ နှစ်ယောက်သား အတိုင်အဖောက် ညီစွာဖြင့်ပင် ရှိနေသည်။ အထီးကတော့ တကုပ်ကုပ်ဖြင့်ပင် ရှိနေပြီး သားငယ်လေးကတော့ အထီးဘေးအနားမှ အထီးပြင်ဆင်ထားသည့် ပန်းကန်တစ်ခုချင်းစီကို သူ့ဆီ ကမ်းလှမ်းပေးရင်း သီချင်းသံတအေးအေးဖြင့် ရှိနေသည်။
အထီးက အဲ့ဒီနေ့ ညကတည်းပင် ကျွန်တော့်ဆီသို့ ပြန်လာခဲ့ပါသည်။ အရင်ချင်းပြည်နယ်မှ Transferတင်ပြီး ဒီနယ်အနီးနားမှ ရွာလေးမှာပင် ကျောင်းဆရာအဖြစ် တာ၀န်ထမ်းဆောင်နေသည်။
နှစ်ယောက်သား စကားတပြောပြောဖြင့် ရှိနေပြီးသည့်နောက်မှာတော့ ရုတ်တရက် ကျွန်တော်ရှိနေသည့် နောက်သို့ ဆက်ခနဲလှည့်ကြည့်လာတော့ ခေတ္တမျှ ကြောင်ထွက်သွားသည်။ ခဏအကြာမှာတော့ ကုံလုံလေးက ကျွန်တော့်ဆီ ပြေးလာပြီး ....
"ဖေဖေ... ဦးဦးငယ်က ငရုတ်သီး ဆီချက်သပ်မယ်တဲ့...။ သားတို့ ခဏ ညှော်ရှောင်ရအောင်နော်။"
YOU ARE READING
မခူးရက်ပါ... မခြွေသာ၍
Randomမခြွေရက်ပါဘူး... ကလေးငယ်ရယ်။ အထိခိုက်မခံရလောက်အောင် မြတ်နိူးရသူမို့....။