အပိုင်း (၇)

759 95 13
                                    

{Unicode🥀}

...တဖြည်းဖြည်း
ဘေးရောက်သွားသလို ခံစားချက်ကြီးကို
ကြောက်တာ....။

***

မခူးရက်ပါ... မခြွေသာ၍...

တစ်ပတ်မျှ လွန်မြောက်လေသော်...

တန်ခူးလဆန်း.... (.....) ရက်...

နံနက်ပိုင်း.....

မြန်မာနှစ်ကူး အတာသကြ်န်ရောက်ဖို့ နှစ်ရက်မျှသာ လိုတော့သည်။ အရင်တစ်ခါ ကိစ္စနှင့်ပတ်သတ်ပြီး အနည်းငယ် စိမ်းသက်သော ဆက်ဆံရေးကို ပြန်လည်တည့်မတ်နိုင်ခဲ့ပါသည်....။

"... ဟိုဘက်က နှစ်ယောက် အလုပ်ကို သေချာလုပ်နော်....။ နေ့စားခ ယူထားတာနော်....။"

သစ္စာပန်းခင်းများ၏ တစ်ဖက်၌ ပေါင်းနှုတ်မြက်သင်ရှိနေသည့် အထီးနှင့် သားကို ကြည့်ပြီး တစ်ချက်ဟောက်လိုက်မိသည်။ တကယ်တမ်းတော့ ပန်းပင်များအတွက် ပေါင်းနှုတ်ဖို့ဆိုတာ အနည်းငယ်စောသေးသလို၊ နှုတ်ဖို့လည်း သိပ်ပြီးမလိုအပ်ပါ။ ဒါပေမယ့် ထိုနှစ်ယောက်ကို အိမ်မှာထားခဲ့လည်း အေးဆေးမနေတတ်တာကြောင့်ပင် စိုက်ခင်းဘက်သို့ ခေါ်လာမိသည်။

အဲ့ဒီနှစ်ယောက် တကယ်ကို တစ်ယောက်ချင်းစီ ခွဲထားရင် ကိစ္စမရှိပေမယ့် နှစ်ယောက်ပေါင်းရင်တော့ လောင်းကျော်ဆိုသလိုပင်.....။ တကယ်မနိုင်တာမို့ ကျွန်တော်လည်း တောထဲသို့ တစ်ခါတည်း ခေါ်လာမိသည်။

"အမလေး... ကိုရှိန်ဝါတို့ကတော့ မရဘူးနော်....။ သားနဲ့ယောက်ဖတောင် မချန်ဘူး... အသေခိုင်းတာနော်....။ အဲ့လောက်ကြီးလဲ လုပ်မနေပါနဲ့.... ကိုရှိန်ဝါက ဒီရွာရဲ့ ထိပ်ဆုံးစာရင်းထဲမှာတောင် ပါပါတယ်ရှင်....။"

ကျွန်တော့်စိုက်ခင်းဘက်သို့ အငှားလိုက်လာသည့် မနှင်းကြည်က ပြုံးပြီး ပြောလာလေတော့ ကျွန်တော်လည်း အထီးတို့ဆီမှ အကြည့်ကိုခွာကာ ထိုအစ်မဆီသို့....။

"မဟုတ်ပါဘူး... အစ်မနှင်းရယ်...။ အဲ့ဒီနှစ်ကောင်က အိမ်မှာထားခဲ့ရင် ကောင်းကောင်းနေတာ မဟုတ်ဘူး....။ ပေါင်းနေတာနဲ့ မျောက်ထက်ဆိုတယ်....။"

မခူးရက်ပါ... မခြွေသာ၍ Where stories live. Discover now