အပိုင်း (၁၃)

999 97 11
                                    

{Unicode}

... တစ်ခါတစ်လေ...
မေတ္တာတရားဆိုတာ
ကျွန်တော်တို့ နားမလည်နိုင်သည့်
အကွာအ​ေ၀းမှာ။

***

မခူးရက်ပါ မခြွေသာ၍...

တစ်နှစ်ခန့် လွန်မြောက်လေသော်...

📲~~~

"အထီး... အဆင်ပြေလား?

"အင်း ပြေပါတယ်...။ အစ်ကိုကရော နေကောင်းရဲ့လား?"

"နေတော့ ကောင်းပါတယ်။ ဒါပေမယ့် အစ်ကိုရှိန်၀ါက အတော်လေး ပြောင်းလဲသွားတာ..."

"ပြောင်းလဲရမှာပေါ့... မနုငယ်နဲ့ ယူလိုက်ပြီးဆိုတော့...။ ကုံလုံလေးရော အဆင်ပြေရဲ့လားဟင်?"

"ဘာမှတော့ စကားများသံတွေ မကြားရပေမယ့် အဲ့ဒီအိမ်က ကုံလုံနဲ့ မနုငယ် စကားပြောသံက လွဲရင် ဘာမှမကြားရဘူး။ အစ်ကိုရှိန်၀ါက အရင်အတိုင်း ရှိနေ​ေပမယ့် သူ့အရင်လို လှိုက်လှိုက်လှဲလှဲ မရှိတော့ဘူး။"

"အစ်ကို နေကောင်းဖို့ပဲ လိုပါတယ်။ မမကိုယ်တိုင်ကလည်း အစ်ကို့ကို မသေခင်ကတည်းက အိမ်ထောင်ပြုဖို့ ခွင့်ပြုခဲ့တယ်လေ...။ အစကတော့ အစ်ကို့မှာ ငဲ့စရာတွေနဲ့ အခုတော့...
အဆင်ပြေသွားပြီပေါ့...."

"အေး... အဲ့လိုပဲ ပြောရမလား? အစ်ကိုရှိန်၀ါ့အခြေအနေကပဲ စိုးရိမ်စရာလား မသိဘူး။ မနုငယ်ကို ယူဖို့ တအားငြင်းခဲ့တာ။ နောက်ဆုံးတော့ အစ်မသောင်းကပဲ အကုန်စီစဥ်ပြီး ပေးစားခဲ့တာ။ သေချာတာကတော့ အစ်ကိုရှိန်၀ါက မနုငယ်ကို လုံး၀မချစ်ဘူးဆိုတာ ငါ အာမ ခံနိုင်တယ်။"

"ချစ်တိုင်း မညားပေမယ့်
ညားတိုင်းတော့ ချစ်နိုင်ကြတယ် မလား?"

"မင်း အခုရော ... အရင် တာ၀န်ကျတဲ့ ချင်းပြည်နယ် ဘက်မှာပဲ မလား? ဒါနဲ့ တကယ်ရော အဆင်ပြေရဲ့လား?အဆင်ပြေချင်ယောင် မဆောင်ပါနဲ့။ ပြန်သာလာခဲ့... မင်းကို ငါ့အိမ်မှာ ထားမယ်..."

"အဟင်း... နေလရယ်။ မင်းကိုတော့ ငါ တကယ် ယုံကြည်ပါတယ်။ ငါ့မှာ တစ်ဦးတစ်ယောက်တည်းရှိတဲ့ သူငယ်ချင်း။ သူငယ်ချင်း အယောက် ၁၀၀နဲ့တောင် မလဲနိုင်ပါဘူး..."

မခူးရက်ပါ... မခြွေသာ၍ Where stories live. Discover now