အပိုင်း (၄)

841 103 20
                                    


{Unicode🐾}

... အနားရှိနေရုံနဲ့ အဆင်ပြေတယ်လို့
စိတ်ကူးမိပေမယ့်
ကျွန်တော်က မဖြစ်နိုင်တဲ့
မျှော်လင့်ချက်တွေကို မွေးဖွားနေတာပဲ...။

***

မခူးရက်ပါ.... မခြွေသာ၍...

မျှော်လင့်ချက်....။

တပေါင်းလ....
နွေဦးရာသီ....

ကျွန်တော်တို့ နယ်ဘက်များမှာတော့ သကြ်န်မတိုင်ခင် အခုလို နွေရာသီမျိုးမှာ မိုးမကျမီ စိုက်ခင်းများအတွက် ပြင်ဆင်နေမိကြသည်....။ ထိုအချိန် ဧကကြီး လုပ်နေသူများက မျိုးစေ့ရွေး...၊ ပင်ပျိုး များအတွက် လူငှားပြီး ချလေ့ရှိသည်။ ကျွန်တော်တို့ နယ်ဘက်က နယ်ဘက်မှ လုပ်သည့် မုန့်တစ်ချို့ ထွက်သလို၊ တစ်ခါတစ်လေ ဖျာ၊ ပလုံး၊ တောင်း စသည့်အရာများကို လုပ်လေ့ရှိသည်....။

စိုက်ခင်းရာသီချိန်ဆိုရင်တော့ စိုက်ခင်းဘက်မှာပဲ အာရုံစိုက်ကြသည်....။ ဒီလိုအချိန်မှာတော့ နွေရာသီကျောင်းပိတ်ရက်မို့ ကျွန်တော်လည်း ကလေးများကို စာသင်ပေးရင်းမှ ပိတ်ရက်တစ်ချို့မှာတော့ နယ်ဘက်မှ အလုပ်ပေါ်ရာသို့ လိုက်ပြီး လုပ်လေ့ရှိပါသည်.....။

ဒီနေ့လည်း မျိုးစေ့အရွေးအတွက် အလုပ်ပေါ်သည်နှင့် ကျွန်တော်လည်း မနက် ကတည်းက ရောက်နေမိပြီ...။ အစ်ကို့ကိုတော့ ဘာမှမပြောဘဲ အစ်ကို မြို့ကို သွားနေသည်ကို အခွင့်ကောင်းယူကာ ထွက်လာမိသည်.....။ အစ်ကိုသိရင်တော့ ကျွန်တော့်ကို လွတ်မှာမဟုတ်ပါလေ....။

အိမ်မှာ ရှိနေသည့် လူများက အကုန်လုံး ယောကျာ်းလေးတွေချည်း ဖြစ်တာမို့ ကျွန်တော် တို့ ကျောင်းဖွင့်ချိန် တာဝန်ကျချိန်မှာတော့ အစ်ကိုကပဲ မီးဖိုချောင်ကို ဝင်တတ်သည်။ ကျောင်းပိတ်ရက်များမှာတော့ ကျွန်တော်က အစ်ကို့ထက် စောစောအိပ်ရာထ,ပြီး ထမင်းဟင်း စီမံရသည်....။

အစ်ကိုကတော့ တောက်လျှောက် သူပဲ ချက်ဖို့ပြောပေမယ့် အစ်ကို့ကို ကျွန်တော် အားနာမိသည်။ အစ်ကိုက အမြဲတမ်း စိုက်ခင်း အခြေအနေကို ကြည့်ရတဲ့အပြင် မြို့ကို သီးနှံအပို့တစ်ခုလည်း ရှိသည်။ နောက်ပြီး သီးနှံတစ်ချို့ကိုလည်း ဝယ်ဖို့ ကြည့်ရသည်။ ကုံလုံလေးကိုလည်း သူပဲ ဂရုစိုက်သည်မို့ ကြာတော့ ကျွန်တော်က အိမ်မှာ လူပိုလို ဖြစ်လာရသည်....။ ဒါကြောင့်မို့ အလုပ်မရှိ အလုပ်ရှာရင်းမှ ဒီကို ရောက်လာမိသည်။ ကုံလုံလေးကတော့ ထုံးစံအတိုင်း အစ်ကို့အဒေါ်အိမ်များသို့ အလည်အပတ်အဖြစ် ရှိနေသည်.....။

မခူးရက်ပါ... မခြွေသာ၍ Where stories live. Discover now