အပိုင်း (၁၄)

860 78 5
                                    

{Unicode}
...ဘယ်အချိန်

၀င်ရောက်ခဲ့လဲ ဆိုတာ
ကိုယ်တိုင်တောင် မသိနိုင်၍...

***

ရက်အနည်းငယ် လွန်မြောက်လေသော်...

"ဖေဖေ.. ဒီမှာ ကြည့်စမ်း..။ သားရဲ့ report cardလေး...။ သား အဆင့်၅ရတယ်... ဖေဖေ..."

သားလေးကတော့ ကျွန်တော်အ၀တ်လျှော်နေသည့် နေရာသို့ တကူးတက သူ့cardလေးကို လာပြီးပြသည်။ သား cardလေးထဲမှ အဆင့်များကို ကြည့်လိုက်ပြီး... တစ်ချက်ပြုံးလိုက်မိသည်။ ထို့နောက် သားငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး သားငယ်ခေါင်းလေးကို ပွတ်သပ်ပေးလိုက်မိသည်။

ထိုအချိန်မှာတော့ သားငယ်မျက်နှာက အံ့သြသလိုဖြင့် အလိုမကျစွာ ကြည့်နေတော့ ကျွန်တော်တစ်ခုခုများ မှားသွားသလားဟူ၍....။ ခဏအကြာမှာတော့ သားငယ်လေးက ဘာမှမပြောတော့ဘဲ မျက်ရည်များ ကျဆင်းကာ....။

"ဖေဖေ.. သား report card ပြတိုင်း ခေါင်းပွတ်ပေးတာ မဟုတ်ဘူးလေ။ 'ဒါမှ ငါ့သားကွ' ဆိုပြီး ဖက်ထားတတ်တာလေ...။"

သားငယ်လေးက သတိထားမိစွာ ပြောချိန်မှာတော့ ကျွန်တော် သားငယ်ကို အဆင်မပြေစေမှန်း သတိထားမိခဲ့သည်က နောက်ကျသွားပြီ ဖြစ်သည်။ မျက်ရည်များစွာနှင့် သားငယ်လေး မျက်နှာကို ကြည့်လိုက်ပြီး တိုးဖက်ထားမိသည်။ သားခေါင်းမှ ဆံပင်များကို ပွတ်သပ်ပြီး ....။

"အဖေ တောင်းပန်ပါတယ်...။ ဖေဖေက ဒီရက်ပိုင်းမှာ စိတ်နဲ့လူနဲ့မကပ်လို့ပါ..."

သားငယ်လေးကို ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်နေမိပေမယ့် ဒီအပြုံးတွေ အသက်မ၀င်ခဲ့တာက... အဲ့ဒီကလေး ထွက်သွားပြီးကတည်းက...။

တစ်ခါတစ်ရံ...
အချစ်ဆိုတာမျိုးက...

📲~~~

"အစ်ကို အဆင်ပြေရဲ့လားဟင်?"

"ပြေပါတယ်... ဒါနဲ့... မင်းကို ကုံလုံလေးက ခဏ ခဏမေးနေတာ... ခဏတစ်ဖြုတ်လောက်တောင် ရွာကို ပြန်မလာတော့ဘူးလား?"

မခူးရက်ပါ... မခြွေသာ၍ Where stories live. Discover now