ခဏလောက်ပါ။ အခြားလူတို့ သင်တို့လည်း အခု ကျွန်တော်နဲ့ အီဗန်ကို အတွဲတွေလို့ ထင်နေကြပါသလား? သူတို့လို လက်ချင်းတွဲပြီး အချစ်ကား ကြည့်နေတာမျိုး။ ကောင်းပြီလေ။ အဲ့ဒီ့လူတွေက ကျွန်တော်တို့ကို အတွဲတွေလို့ပဲ ထင်ပါလိမ့်မယ်။ကျောင်းမှာတောင်မှ သူတို့တွေ ကျွန်တော်တို့ကို တွဲနေတယ် ထင်ကြတာပဲ။ အဲ့တာကြောင့် အပြင်မှာ ကျွန်တော်တို့ ဒီလို မလုပ်သင့်ဘူးလေ။
မဟုတ်သေးဘူး။ သူငယ်ချင်းတွေ ရုပ်ရှင်အတူ ကြည့်ကြတာက ရပါတယ်၊ မထူးဆန်းဘူးလေနော်? ဟုတ်တယ်။ ကျွန်တော်တို့ နှစ်ယောက် လက်ချင်းတွဲပြီး ရုပ်ရှင် လာကြည့်တာက သူငယ်ချင်းတွေ... ဒါက မှန်ကော မှန်ရဲ့လား?
အချို့သော အကြောင်းကြောင့် အီဗန်ရဲ့ မတော်တဆမှုက တဖြည်းဖြည်း ပါဝင်လာတာမို့ သူငယ်ချင်းနဲ့ ချစ်သူရည်းစားကြားက မျဉ်းလေး မှေးမှိန်လာတာ။ ဆံပင်မွှေးတွေ ထောင်ကုန်တယ်။ ကျွန်တော်တို့က သူငယ်ချင်းတွေ ဖြစ်ရမှာကို၊ ဒါပေမဲ့ အခြားလူတွေ အမြင်မှာက သူငယ်ချင်းလိုပဲ မြင်လား ဒါမှမဟုတ် အတွဲတွေလို့ မြင်လားဆိုတာ ကျွန်တော် မသိတော့ဘူး။
ကျွန်တော် စိတ်ငြိမ်အောင်လို့ ပေါက်ပေါက်တစ်ဆုပ်ကို ကုပ်ယူလိုက်ပြီး ပါးစပ်ထဲ ထိုးသိပ်လိုက်တယ်။ ချိုမြိန်တဲ့ ကာရယ်မယ်လေးက ပါးစပ်ထဲမှာ ပျော်ဝင်သွားတယ်။ ရုံထဲက မီးတွေ ပိတ်ကုန်ပြီး ရုပ်ရှင်စတော့မည့်အကြောင်း ပရိုဂျက်တာပေါ်မှာ ကြေညာလာတယ်။
ဇာတ်လမ်းက စိတ်ကျေနပ်ဖို့ ကောင်းလှပါတယ်။ ဇာတ်ကြောင်းကလည်း မဆိုးသလို မြင်ကွင်းတွေကလည်း တော်တော် ကောင်းတယ်။ အဆုံးသတ်ကလည်း ကောင်းလောက်မှာပါ။
ကျွန်တော် အဆုံးထိ မကြည့်နိုင်ခဲ့လို့ ဖြစ်မယ်။ အလယ်လောက်ရောက်လေလေ ဇာတ်ရှိန်တက်လာပြီး ပေါက်ပေါက်စားတဲ့ အချိန်ရောက်သင့်ပြီ။
ကျွန်တော့်လက်ကို လာထိတာက ပေါက်ပေါက် မဟုတ်ပဲ နူးညံ့တဲ့ အသားအရည်လေ။
"အိုး ဆောရီး"
မီးနဲ့ ထိလိုက်ရသလို ကျွန်တော် သူ့လက်ကို အမြန်လွှတ်ဖို့ ကြိုးစားလိုက်တယ်။ အီဗန်သာ ကျွန်တော့်လက်ကို အမြန်ပြန်မဆွဲလိုက်ရင်ပေါ့။ လက်က သူ့ဆီကို ဆွဲယူခံလိုက်ရတယ်။ လက်ကို လျက်ပြီး တမြုံ့မြုံ့ ဝါးနေတဲ့ တစ်ချက်ချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်။ ကျွန်တော့်လက်က ပေါက်ပေါက်ဆုပ် ဖြစ်လာသလို ခံစားလိုက်ရတယ်။
YOU ARE READING
အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)
RomanceLanguage Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Description ကျွန်တော်က နာမည်ကြီး BLဝတ္ထုထဲက အထက်ပုဂ္ဂိုလ်ထဲ ကူးပြောင်းလိုက်ရပေမဲ့ အောက်ပုဂ္ဂိုလ်က ထူးဆန်းတယ်ဗျ။...