အီဗန့်အသံထဲမှာ တစ်ခုခုက တလက်လက် တောက်ပနေတယ်။ အီဗန်က ဟေးလ်ရဲ့ ပုံစံကို မြင်တော့ မျက်မှောင်ကြုံ့သွားတယ်။ တစ်ခုခုကို သဘောမတွေ့သလိုမျိုး။
“ဟေးလ် ဘူးပြုတ်ကျသွားလို့ ဘယ်ဖြစ်မလဲ? သေချာ ကိုင်ထားရမယ်လေ”
“Hey…”
ပိုပြီး အေးစက်လာမှုကြောင့် အီဗန့်ပုခုံးပေါ် ပိုတိုးဝင်လိုက်ပြီး အသံတိတ်နေပေမဲ့ ကျွန်တော့်ပါးစပ်ကနေ အသံတိုးတိုးလေးတော့ ထွက်သွားတယ်။ နောက်ထပ် ရေခဲတုံးတစ်တုံးက ကျွန်တော် လက်ဖဝါးပေါ် ရောက်လာတယ်။
“သေချာလေးကိုင်”
ဒီစကားလုံးတွေနဲ့အတူ အီဗန်က ကျွန်တော့်လက်ကို အတင်းကိုင်ခိုင်းတယ်။ အေးစက်မှုက ကျွန်တော့်လက်ဖဝါးကနေတဆင့် လက်ဖျားတွေအထိ ပျံ့နှံ့သွားတယ်။ စတုရန်းပုံစံ ရေခဲတုံးက ကိုင်လို့ကောင်းပေမဲ့ ရေခဲက ခန္ဓာကိုယ်အပူချိန်ကြောင့် အရည်ပျော်လာပြီး အပိုင်းအစတွေအဖြစ်ပဲ ကျန်ရှိကာ လက်တွေကို စိုစွတ်လာစေတယ်။ အေးစိမ့်တဲ့ စိတ်ခံစားချက်ကြောင့် ကျွန်တော့်အသက်ရှူနှုန်းကပါ တုန်ယင်သွားတယ်။
“အရည်ပျော်သွားပြီ”
ကျွန်တော့်နား,နားမှာ တီးတိုးပြောလိုက်တဲ့ စကားသံက ပိုပြီး မူးဝေစေတယ်။
“အာ၊ လက်ဖက်ရည်က၊ သွားလေ။ အီဗန်…”
“ဟေးလ်က အရမ်းမိုက်တာပဲ”
ကျွန်တော့် လက်ကောက်ဝတ်ပေါ်က လက်က တဖြည်းဖြည်း ပြေလျော့လာတယ်။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်နောက်က ရေခဲသေတ္တာကနေ အချိန်ကြာကြီး တံခါးဖွင့်ထားခဲ့တဲ့အတွက် သတိပေးတဲ့အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ကာမန်က ဂိမ်းရှုံးသွားပြီဖြစ်ကြောင်း ပြောပြနေတဲ့ အသံတွေနဲ့အတူ မကျေမနပ် ရေရွတ်သံပေါင်းစုံ ထွက်ပေါ်လာတယ်။ ကျွန်တော့်ခေါင်းက အသံလာရာကို အလိုလို ကြည့်မိတဲ့အခါမှာ အီဗန်က ကျွန်တော့်ခေါင်းကို ပြန်ရွှေ့လိုက်တယ်။
“အဲဒီ့ဖက်ကို မကြည့်နဲ့။ ဟေးလ်ပဲ ပြောတော့ ငါ့ကိုပဲ ကြည့်မှာဆို”
“အိုး၊ ငါမကြည့်ပါဘူး။ ငါက မင်းကိုပဲ ကြည့်နေတာပါ”
အဲဒီ့တော့မှ အီဗန်က ကျွန်တော့်ကို ရေခဲသေတ္တာကနေ ခြေလှမ်းအနည်းငယ်စာလောက် တွန်းဖယ်လိုက်တယ်။ ရေခဲသေတ္တာတံခါးကို ပိတ်လိုက်တဲ့အချိန်မှာ အသံဗလံတွေအကုန် ရပ်သွားတယ်။ ဘာလို့ အီဗန်က ရုတ်တရက်ကြီး ဒီလိုဖြစ်သွားလဲ ကျွန်တော် မသိဘူး။ ကျွန်တော့် အင်္ကျီထဲကို ရေခဲတုံးထည့်ပြီး ကျွန်တော့်လက်တွေကို ရေခဲတုံး ကိုင်ခိုင်းထားတာက ဒေါသထွက်နေသလို ထင်ရတယ်။
YOU ARE READING
အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)
RomanceLanguage Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Description ကျွန်တော်က နာမည်ကြီး BLဝတ္ထုထဲက အထက်ပုဂ္ဂိုလ်ထဲ ကူးပြောင်းလိုက်ရပေမဲ့ အောက်ပုဂ္ဂိုလ်က ထူးဆန်းတယ်ဗျ။...