Part - {40}

300 45 1
                                    

"မင်းသာ ဒီစာကို ငါ့အရင် မြင်သွားခဲ့ရင် ဒုက္ခရောက်သွားမှာ"

သူ စာတွေအကုန်လုံးနဲ့ အဆက်အသွယ် လုပ်ထားတာတွေအကုန် ဖျက်ပစ်လိုက်တယ်။ ဖုန်းနံပါတ် မှတ်ထားတာကိုပါ မချန်ပေါ့။

ဟေးလ်ကို ဒီည စာသင်ဆောင်လို ချောင်ကျ‌တဲ့နေရာတစ်ခုကို လာဖို့ခေါ်တဲ့စာ။ ‌ပြောရရင် လက်ရှိမှာ ပြန်ပြင်ဖို့ စီစဉ်ထားပြီး အသုံးမပြုတဲ့ အဆောက်အဦဟောင်းကို လာဖို့ခေါ်တဲ့စာဆိုတော့ ရူဒယ်ရှားဘတ် ဘာတွေ ကြံစည်နေလဲဆိုတာ အရှင်းသားကြီးလေ။ ဒါ့အပြင် သူ့နာမည်ကို သုံးပြီး ဟေးလ်ကို ချိန်းခြောက်‌နိုင်တာက ရှားတယ်။

ထပ်ခါတလဲလဲ ဖတ်ခဲ့ဖူးတဲ့ စာတွေက အတွေးထဲ ပြန်ရောက်လာတယ်။ မသိလိုက်ပါဘဲ အီဗန်ပရီစတင်က အဲ့ဒီ့စာလုံးတွေကို ပြန်ရေရွတ်မိနေတယ်။

"ဒါကြောင့်ငါမင်းကို သတိပေးခဲ့တယ်"

"ငါမင်းကို ရှင်းရှင်းလင်းလင်း သတိပေးထားပြီးသား"

"ငါ့အီဗန်ကို မထိနဲ့"

"ငါ့ဟေးလ်ကို မထိနဲ့"

အီဗန်ပရီစတင်က message boxထဲကို အကြိမ်ကြိမ် ဝင်လိုက်ထွက်လိုက် ဖြစ်နေတယ်။ ဘာရယ်မဟုတ်၊ သူ့ရဲ့ဒေါသကို ထိန်းဖို့အတွက် ဆက်တိုက်လုပ်နေမိတဲ့ အပြုအမူတစ်‌ခုပေါ့။

စာကြည့်တိုက်ထဲမှာ ရူဒယ်ရှားဘတ်ဆီကနေ ဆွဲခေါ်သွားခံရလုနီးနီး ဖြစ်သွားပြီး ထိတ်လန့်သွားခဲ့တဲ့ ဟေးလ်ရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ယောင်နေတုန်း။ ဒီလိုစာတိုကို ဟေးလ်မြင်သွားရင် သူအဲ့ဒီ့လူဆီ သွားမှာပဲ။ သူ(ရူဒယ်)ဘာလုပ်မလဲဆိုတာ ဟေးလ် ဘာမှမသိဘူး။ ကြည့်ရတာ ငါတို့ အဲ့ဒီ့လူဆီ သွားဖြစ်ကြမှာပဲ။ ဘာလို့ဆို မင်းက ငါ့ကို ကာကွယ်ပေးချင်တယ်လို့ ပြောခဲ့တာကိုး။

ထူးဆန်းတဲ့ ပျော်ရွှင်ကျေနပ်မှုကော၊ ဒေါသကိုကော နှစ်ခုလုံး တစ်ပြိုင်ထဲ ခံစားမိလိုက်တော့ အီဗန်ပရီစတင်က ဖုန်းကို ကြမ်းကြမ်းတမ်းတမ်း ပိတ်ပစ်လိုက်တယ်။ "မင်းက တကယ်ကို ငတုံးလေးပဲ"။ အဲ့ဒီ့စာကြောင်းက ဟေးလ်နဲ့ သိပ်လိုက်တယ်။ သူက ရေရွတ်လိုက်ပြီး သူဖုံးကွယ်ဖို့ ကြိုးစားတာတောင် မဖုံးကွယ်ခဲ့နိုင်တဲ့ ဘဝ*ကို ဖိနှိပ်ဖို့ ကြိုးစားလိုက်တယ်။
(T/N : အီဗန်ရဲ့ dark side)

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Where stories live. Discover now