Part - {76}

193 22 2
                                    

အိပ်ခန်းဆီ သွားတဲ့ ခြေလှမ်းတွေက အလျင်လိုနေခဲ့တယ်။ တံခါးကို ဖွင့်ကြည့်လိုက်တော့ အီဗန်ရဲ့ အရိပ်အယောင်ကို မမြင်ရဘူး။ ဒီအချိန်က အဆိုးဝါးဆုံး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တဲ့ အချိန်ပဲ။ အိမ်ရှေ့တံခါးကလည်း ပွင့်နေတယ်၊ အီဗန်ကိုလည်း ဆက်သွယ်လို့ မရဘူး၊ ပြီးတော့ သူနောက်ဆုံး ပို့ခဲ့တဲ့ စာက ကျွန်တော့်ကို စောင့်နေမယ်ဆိုတော့ သူ ကျိန်းသေပေါက် အိမ်မှာပဲ စောင့်နေလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်။

သူ စောင့်နေတယ်ဆိုတာ ဗာဒီအိမ်ရှေ့မှာ များလား? ကားက ထွက်သွားခဲ့ပြီလေ၊ ကျွန်တော် ဘာလုပ်ရမလဲ? အဲဒီ့လိုနဲ့ ကျွန်တော် တုန်လှုပ်နေတဲ့ အချိန်။

“အား!”

လက်တစ်ဖက်က မမြင်ရတဲ့ တံခါးအကွယ်ကနေ ထွက်လာတယ်။ ထိတ်လန့်စွာနဲ့ အဲဒီ့လာရာဖက်ကို လှည့်လိုက်မိတော့ တစ်ခုခုနဲ့ တိုက်မိသွားပြီး ခြေချော်ကာ လဲကျသွားတယ်။ အားပြင်းပြင်းနဲ့ တစ်ကိုယ်လုံး လဲကျသွားတာမလို့ နံရိုးတွေက နာကျင်သွားတယ်။

“ဟေးလ်”

အစတုန်းကတော့ ဘယ်သူ့အသံမှန်းတောင် ကျွန်တော် မသိဘူး။ ကျွန်တော့်နားရွက်ကို ယားကျိကျိ ဖြစ်စေလောက်တဲ့အထိ ရှတတ အသံမျိုးကို ကျွန်တော် ဘယ်တုန်းကမှ မကြားဖူးဘူး။

“ဘာလို့ အခုမှ ရောက်လာရတာလဲ?”

ကျွန်တော် အဲဒီ့စကားသံ အနေအထားကို ကြားမှ အသံက အီဗန်ရဲ့ အသံမှန်း သိလိုက်ရတာ။ သူ့ရဲ့ အသားအရည်က ပြီးခဲ့တဲ့ ရက်တွေမှာ နွမ်းလျဖျော့တော့နေတယ်။ သေးသွယ်တဲ့ အရိုးတွေပါ ထင်းနေတယ်။

“ငါစောင့်နေခဲ့တာ”

“ငါ ဒီရောက်ပြီလေ…”

“ဟေးလ် ငါ့ကို ဖုန်းခေါ်မှာကို စောင့်ပြီးရင်း စောင့်နေခဲ့ပေမဲ့ တစ်ခါလေးတောင် မခေါ်ခဲ့ဘူး၊ ပြီးတော့ အဲဒီ့ခွေးကောင်ကလည်း ဟေးလ်ကို နှောင့်ယှက်ပြန်ပြီ”

သိမ်မွေ့တဲ့ နှုတ်ခမ်းလွှာတွေက ခြောက်သွေ့နေပြီး အဖြူရောင်သန်းနေတယ်။ အဝတ်အစားတွေကလည်း ဖရိုဖရဲဖြစ်လို့။ တုန်လှုပ်အက်ကွဲနေသံကလည်း အားနည်းနေပုံပဲ။ သူ့မျက်နှာကလည်း ရှုံ့တွနေကာ ဆံပင်တွေကလည်း ရှုပ်ပွနေပြီး မျက်လုံးတွေမှာ အလင်းတစ်စတောင် ရှိမနေဘူး။ အသက်မရှိသလို ပါးပြင်တွေက အရင်ကထက် ပိုပြီး နေလောင်ခံထားရသလို။ နေရာတိုင်းကလည်း ရှင်းပြမရနိုင်တဲ့ ခြစ်ရာရှရာတွေ ပြည့်နေတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Zawgyi)Onde histórias criam vida. Descubra agora