° 02 °

2K 176 1
                                    

Part < 2

" လွှတ်ပေး ရှောင်းကျန့်..."

" နောက်နေ့တွေမှာလည်း နောက်ထပ် lesson တစ်ခုက မင်းကိုစောင့်ကြိုနေတယ် ဆိုတာကိုသတိလာပေးတာပါ အဟက်.."

ရိပေါ်ရဲ့လက်ကိုလွှတ်ပေးပြီးတော့ ခနဲ့အသံနဲ့ရယ်ပြပြီးထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်တွေးမိတယ်

ရှောင်းကျန့်က ဆိုးတယ်ဆိုတာထက် ကလေးအရမ်းဆန်တာ ဒါပေမဲ့ ရှောင်းကျန့်ကိုလျော့တွက်လို့မရဘူး

/////////////////////

နောက်တစ်နေ့မနက် ယွီပင်းနေမကောင်းတော့ ရိပေါ်တစ်ယောက်တည်း ကျောင်ူကိုလာရသည်...ကျောင်းဝန်းထဲအဝင်ဝမှာတင် ရှောင်းကျန့်ကိုတွေ့လိုက်ရသည်မို့ စိတ်တောင်သိပ်မကြည်ချင်တော့ပေ

အတန်းထဲမှာ ဆရာမစာသင်နေချိန် ရိပေါ်တစ်ယောက်စာလိုက်မလုပ်နိုင်ပဲပျာယာခတ်နေသည်။ အဖြစ်ကတော့ ဘောပင်အိတ်ပျောက်နေတာ ဘောပင်ရော ခဲတံရော ခဲဖျက်ရော အကုန်လုံးပျောက်နေတာ ဒီနေ့က ယွီပင်းနေမကောင်းလို့ကျောင်းမလာတော့ သူ့စာအပြင် ယွီပင်းကိုပါ စာကူရေးပေးရမှာ...

" ယဲ့ယဲ့ ..နင့်မှာ ဘောပင်အပိုပါလား.."

" ပါတယ် နင်ငှားချင်လို့လား.."

" အင်း..ငါဘောပင်အိတ်ပျောက်နေလို့ ခဏလောက်ငှားပါလားဟင်.."

မတတ်သာတဲ့အဆုံး ဘေးခုံက ယဲ့ယဲ့ဆီကဘောပင်ငှားဖို့သာလုပ်ရတော့တယ်...ယဲ့ယဲ့ကလည်း ဘောပင်လေးထုတ်ကာ ရိပေါ်ကိုပေးမည်အပြု ဘုတ်ကနဲကျောကုန်းကိုလာထိတဲ့စာရွက်အပိုင်းလေး..အ‌ေနာက်ကိုလှည့်ကြည့်လိုက်တော့ ရှောင်းကျန့်ကစာရွက်ကိုဖတ်ဆိုပြီး မေးငေါ့ပြတယ်...ယဲ့ယဲ့လည်းစာရွက်ကို အရင်ကောက်ယူပြီးဖတ်ကြည့်လိုက်တယ်

စာထဲမှာရေးထားတာက " ဝမ်ရိပေါ်ကို ဘောပင်ငှားရဲရင် ငှားကြည့်လိုက် နောက်နေ့မင်း ဘယ်ကျောင်းမှာမှတက်လို့မရဖြစ်သွားအောင် လုပ်ပြစ်မယ်.."

ခြိမ်းခြောက်သံမည်သော စာတိုကြောင့် ယဲ့ယဲ့မှာ ဘောပင်ကိုငှားရနိုး မငှားရနိုးဖြစ်နေတယ်....

° Tell Me..! How You HATE ME ? °Where stories live. Discover now