° 08 °

1.4K 139 9
                                    

Part >> 8

ဆရာမကအရှေ့ကနေစာသင်ပေးနေပေမဲ့ စာထဲအာရုံစိုက်မရတာကရိပေါ်ပင် ယွီပင်းကတော့ ရှောင်းကျန့်ဘက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပေ။

“ ယွီပင်း ဟို ငါနဲ့နေရာလဲကြရအောင်..”

“ မလဲချင်ပါဘူးကွာ ငါလည်းအဲ့အကောင်ဘေးမှာမထိုင်ချင်ဘူး ”

“ မင်းကလဲကွာ..”

ရိပေါ်ကနှုတ်ခမ်းဆူထားသော်လည်း ယွီပင်းကအရေးမလုပ် အရင်ကရိပေါ်နှုတ်ခမ်းဆူပြီဆိုတာနဲ့ အမြဲတမ်းအလိုလိုက်ပေးနေကျကို

ရှောင်းကျန့်ကတော့ ဘေးကရိပေါ်ကိုကြည့်ပြီး နှုတ်ခမ်းတွန့်ကွေးသွားတယ်။ ဒီကောင်ချောလည်းချောလာတယ် ချစ်ဖို့လည်းကောင်းလာတယ် အသားလည်းပိုဖြူလာတယ် ဆံပင်အုပ်အုပ်နဲ့ လုံးလုံးလေး

“ အဟက် ..”

ရိပေါ်တံတွေးကိုအသာမြိုချလို့ ‌ဘောပင်ကိုသာခပ်တင်းတင်းဆုပ်ကိုင်လို့ ရှောင်းကျန့်ဘက်လှည့်မကြည့်မိစေဖို့ကြိုးစားနေတယ် သူသိတယ် ရှောင်းကျန့်သူ့ကိုဝါးစားမတတ်ကြည့်နေတာကို အမြင်ကပ်ဖို့ကောင်းတယ်

//////////////////////////////

ဒုန်း !!

ရိပေါ်နဲ့ယွီပင်း ကန်တင်းမှာထမင်းစားနေတုန်း ဒုန်းကနဲအသံကြောင့် တုန်တက်သွားတယ် အနောက်ကိုလှည့်ကြည့်တော့ ရှောင်းကျန့်ရယ် ဝမ်ချောင်ရယ်နဲ့ ဆိုလာရယ် ။

“ ကျစ် မင်းအစောကတည်းကပြောလေ အခုမှလာပြောတော့ ငါကဘာသွားလုပ်ရမှာလဲ မင်္ဂလာပါလို့သွားနှုတ်ဆက်ရမှာလား..”

ကန်တင်းတစ်ခုလုံး ရှောင်းကျန့်အသံဖုံးအုပ်သွားတယ် တခြားသူတွေဆိုရင် ခေါင်းတောင်မဖော်ရဲ ငြိမ်ငြိမ်ကုပ်ကုပ်လေးတွေ ရှောင်းကျန့်ကအာဏာစက်ပြင်းလိုက်တာ ပထမဆုံးကျောင်းတက်ရက်မှာတင် လူအများကြောက်သွားတဲ့အထိလုပ်နိုင်တယ်။

“ ရိပေါ် စားစရာရှိတာမြန်မြန်စားပြီး ငါတို့စာကြည့်တိုက်သွားကြမယ်..”

ယွီပင်းကလည်း ရိပေါ်နဲ့နည်းတူ ရှောင်းကျန့်ကိုကြောက်နေပုံရသည်။ တစ်ချိန်က ရှောင်းကျန့်ကို ထိုးမယ်ကြိတ်မယ် တကဲကဲလုပ်နေတဲ့လူမှဟုတ်ပါလေစ။

° Tell Me..! How You HATE ME ? °Where stories live. Discover now