° 13 °

1K 93 8
                                    

Part >> 13

" ဝါးအို့ ... ငါ့သားကြီးငကျန့်ကတယ်လည်း သွက်လှချည်လား "

" ရှောင်းကျန့်ကတော့ လုံးဝမထင်ရဘူးနော် "

" ရိပေါ်ကိုက အယုံလွယ်လွန်းတာပါကွာ "

" မင်းတို့အပေါက်တွေအခုချက်ချင်းပိတ်လိုက်စမ်း "

ရှောင်းကျန့်သည် ဝမ်ချောင်နဲ့ဆိုလာကို တစ်ချက်စီစူးစိုက်ကြည့်ပြီးပြောလိုက်တယ်။ သောက်အတွဲတွေ သောက်အမြင်ကပ်ဖို့ကိုကောင်းတယ်။ မနေ့က ရိပေါ်အိမ်မှာ ညအိပ်တယ်ဆိုတဲ့အကြောင်းလေးပြောပြလိုက်မိပါတယ် ငါးပါးကိုမှောက်ရော ။

" မိုက်တယ် ငါ့ကောင် ဘာပဲဖြစ်ဖြစ် မင်းမဆိုးဘူး "

" တော်ပါ သူများကိုချီးမွမ်းမနေနဲ့ လောလောဆယ် Lamborghini ကားအသစ်ကြီးကရှင့်ကို တာတာ့လုပ်ပြနေတယ်တွေ့လား။ "

ဆိုလာ့အပြောကြောင့် ရှောင်းကျန့်ရော ဝမ်ချောင်ပါပွဲကျသွားသလိုရယ်လိုက်မိသည်။ နောက်ဆုံးပေါ် အမိုက်စား Lamborghini ကားကြီးက ဝမ်ချောင်နဲ့ရှောင်းကျန့်ကြား ညပ်နေသည် ။ ရှောင်းကျန့်ဆီကိုပဲ ကားအသစ်ကြီးရောက်သွားမလား ဝမ်ချောင့်ဆီကို ကားအသစ်ရောက်သွားမလားဆိုတာတော့ ကာယကံရှင်တွေအပေါ်မှာသာမူတည်သည်။

" ဟာ ရိပေါ် လာလေ ကိုယ်တို့ဝိုင်းမှာလာထိုင် "

ရိပေါ်နဲ့ ယွီပင်းကန်တင်းကိုလာတော့ ရှောင်းကျန့်ကတွေ့သွားကာ အတူတူထိုင်ဖို့ခေါ်သည်။ မနက်ခင်းပိုင်းမို့လားမသိ ရိပေါ်ရဲ့မျက်နှာလေးမြင်ရတာ ရှောင်းကျန့်အတွက် အေး‌ချမ်းခြင်းကိုရှာတွေ့သွားသလိုပင် ။ သို့ပေမဲ့ ရိပေါ်ရဲ့မျက်နှာလေးက ဆူပုတ်ပုတ်နဲ့ရယ် ။ ကိုယ့်ဘာကိုတွေးရင်းရှောင်းကျန့်က အသံထွက်အောင်ရယ်မိတော့ ဝမ်ချောင်နဲ့ဆိုလာက ဘာဖြစ်တာလဲဆိုသည့်ပုံစံဖြင့်ကြည့်လာတယ် ။ ရိပေါ်ကလည်း ကြောင်တောင်တောင်လေးနဲ့ ခုံမှာပဲထိုင်ရမလိုလို ထရမလိုလိုဖြစ်နေတယ်။

" အဟမ်း ဘာမှမဟုတ်ပါဘူး ထိုင် ရိပေါ် "

"...."

" ရိပေါ် ဘာစားမလဲ ကိုယ်ဘာမှာပေးရမလဲ "

"....."

° Tell Me..! How You HATE ME ? °Where stories live. Discover now