° 15 °

1.1K 104 6
                                    

Part >> 15

" တစ်ခါပဲလေကွာ ရိပေါ်ရာ နော် နော်လို့ဆို "

" မရဘူးဟာ ငါမစားချင်တာကို လာမကျွေးနဲ့ "

" Ok မစားချင်လည်းရတယ် ငါလွှင့်ပစ်လိုက်မယ် "

ရှောင်းကျန့်ရဲ့စကားမဆုံး ရိပေါ်မှာ မျက်နှာငယ်လေးနဲ့ ငိုမဲ့မဲ့ဖြစ်လာတယ် ။ ရိပေါ်က မုန်လာဥကို လုံးဝ လုံးဝမစားဘူး ဒါကို ရှောင်းကျန့်က ‌မုန်လာဥကိတ်နဲ့ ဖျော်ရည်လာကျွေးတယ် ။ ရိပေါ်မကြိုက်တာမို့လို့မစားဘူးလို့ငြင်းမိတော့ အလျော့မပေးတဲ့အပြင် လေသံပါမာလာတယ် ။

ရှောင်းကျန့်လည်း စလိုက်တာလွန်သွားပြီလားဆိုပြီးရိပေါ်ကို ကြည့်လိုက်တော့ ငိုမဲ့မဲ့လေးဖြစ်နေတဲ့ရိပေါ်ကိုတွေ့တယ်။ သူတို့ချစ်သူဖြစ်တာ ၂ ပတ်ရှိပြီ ၂ ပတ်လုံးလည်း ရိပေါ်ကသူ့ကိုဆိုအမြဲအလျော့ပေးသလို သည်းလည်းခံပေးတယ်။ သူကသာ ရိပေါ်ထက် အသက်ကြီးပြီး ဂျစ်တူးဖြစ်နေတာ ။

" ရိပေါ်...ကိုယ်ကစတာပါကွာ မငိုပါနဲ့ ကြည့်ပါဦး ငိုမဲ့မဲ့ရုပ်လေးက ချစ်စရာလေးကွာ "

" အင့် မကောင်းတဲ့လူကြီးသွား အင့် မင်း ငါ့ကိုစကားလာမပြောနဲ့ အင့် "

ပြောလိုက်တော့မှပဲငိုချလိုက်တဲ့ ဝက်ပေါက်လေးကို ရှောင်းကျန့် ထပ်စချင်ပေမဲ့ မျက်ရည်အပြည့်နဲ့ ရိပေါ်ရဲ့ပုံလေးကို သနားလို့ မစတော့ပဲ ရင်ခွင်ထဲသာထည့်ဖက်လိုက်တယ်။ ဒါတောင် ရင်ဘက်ကို လက်သေးသေးလေးတွေနဲ့ တဖောင်းဖောင်းမြည်အောင် ရိုက်လာသေးတယ် ။

////////////////////////////

" ဟာ ဟိုကောင် လာပါဦးဟ မင်းကလည်း "

" ငါ့ကို ဘာလို့လှမ်းခေါ်လဲဆိုတာ ငါသိတယ် ငကျန့် ရော့ "

ကန်တင်းမှာရိပေါ်နဲ့အတူထိုင်ရင်း ဝမ်ချောင်ကိုလှမ်းတွေ့လိုက်တာမို့ အတူလာထိုင်ဖို့‌သဘောရိုးနဲ့ခေါ်တာကို ရုပ်ကဆူပုတ်ပုတ်နဲ့ သူ့ကိုကားသော့လှမ်းပစ်ပေးတဲ့ ဝမ်ခေျာင်။ မဆိုးဘူး အထာနပ်တယ် တစ်မှတ်ပေးတယ် ။

" လာပါဦးကွ မင်းကလည်း ဟဲဟဲ "

" စပ်ဖြီးဖြီးနဲ့ ရွံစရာကွာ ရိပေါ်လိုလူမို့လို့မင်းကိုကြိုက်တာ "

° Tell Me..! How You HATE ME ? °Where stories live. Discover now