° 06 °

1.4K 150 8
                                    

Part << 6

“ မင်း မိဘက သူများပစ္စည်းမခိုးရဘူးလို့ မဆုံးမထားဘူးလား ဝမ်ရိပေါ်...”

“ ဟဲ့ ငါမေးနေတယ်ဖြေလေ ”

“ သားမခိုးဘူး ဆရာမ...သားမိဘကိုလည်းပြောစရာမလိုဘူး..”

“ အံမယ် အကြောကတော့တင်းတယ်ပေါ့ နင်ခိုးတာမဟုတ်ရင် ဘယ်သူခိုးရမှာလဲ နင့်လွယ်အိတ်ထဲကတွေ့တာလေ ဝမ်ရိပေါ်ရဲ့။ နင့်အမေကခိုးခိုင်းတာလား နင့်အ‌ဖေကခိုးခိုင်းတာလား..ဟမ် ငါမေးနေတယ် ဖြေလေ ”

ရိပေါ် သူ့ကိုဆူရင် ရိုက်ရင် လက်ခံသည် မိဘတွေကိုပြောတာတော့လက်မခံပါ အထူးသဖြင့် မာမားနဲ့ပါးပါးကိုပြောတာ လုံးဝလက်မခံနိုင်ပါ။ ဆရာမက အတော်ပင်ဒေါသထွက်နေပုံရသည် ကြိမ်လုံးတရမ်းရမ်းနဲ့ ဒီကိစ္စက ဘယ်သူလုပ်တယ်ဆိုတာ ရိပေါ်သိသည်။ ရှောင်းကျန့်နဲ့ ဝမ်‌ေချာင်ကလွဲလျှင် ဘယ်သူမှလုပ်မှာမဟုတ်ပေ..။

“ သား မခိုးဘူးလို့ ပြောပြီးပြီ ဒါသားကိုသပ်သပ်ချောက်ချတာ နောက်ပြီးတော့ ဆရာမအနေနဲ့ သားမိဘတွေကို ထိခိုက်စရာမလိုဘူး..”

ရှောင်းကျန့်လည်း ဆရာမကိုတစ်ခွန်းမကျန်ပြန်စွာနေတဲ့ ရိပေါ်ကိုကြည့်ပြီး အူယားလာသည် နှုတ်ခမ်းလုံးလုံးလေးက တစ်ချက်တစ်ချက်ဆူထွက်လာသည်မှာ ဆွဲငုံပစ်ချင်စရာလေးပင်..။

“ တော်စမ်း မင်းကိုချောက်ချရအောင် မင်းကဘယ်လောက်ချမ်းသာမြင့်မြတ်နေလို့လဲ တော်တော့ ဟိုဖက်လှည့် 10 ချက်ရိုက်မယ် မနက်ဖြန် မိဘခေါ်လာရမယ်..”

////////////////////////

“ အင့် ဟီးး ရွှတ် ..”

ရိပေါ်ထမင်းစားဆင်းသည်အထိ ငိုနေတုန်းပင်...ရိပေါ်အတွက်အကြီးမားဆုံး စိတ်ဒဏ်ရာ တစ်ခုရသည်လို့တောင်ဆိုရပေမည် သူများပိုက်ဆံကိုခိုးဖို့မပြောနှင့် စိတ်နဲ့တောင်မပစ်မှားတတ်ပေ ပြီးတော့  ရှောင်းကျန့်ကိုလည်း အဲ့လောက်ထိအဆိပ်ပြင်းမယ်မှန်းမသိထားခဲ့ပေ..။

“ ယဲ့ယဲ့ရေ နင့်ပိုက်ဆံသေချာသိမ်းထားဦးနော် တော်ကြာ သူခိုးခိုးသွားဦးမယ်..”

ရိပေါ် အပင်အရိပ်အောက်တွင်ထိုင်ငိုနေစဉ် ယဲ့ယဲ့ နှင့် သူငယ်ချင်းတစ်ယောက်သည် သူ့အားယွဲ့စောင်း၍ပြောနေသည်..လျစ်လျှူသာရှုထားလိုက်သည် သူတကယ်ခိုးတာမှမဟုတ်တာပေ..။

° Tell Me..! How You HATE ME ? °Where stories live. Discover now