° 17 °

966 90 6
                                    

Part >> 17

" ဒါက သားပြောတဲ့ သားရဲ့ကောင်လေးပေါ့ "

ရှောင်းပါးက ရှောင်းကျန့်ပြတဲ့ ရိပေါ်ရဲ့ဓာတ်ပုံလေးကိုကိုင်ရင်းပြန်မေးလာသည်။ အင်း ကောင်လေးကချစ်စရာလေးပင် ပုံထဲမှာတောင်ချစ်ဖို့ကောင်းနေရင် အပြင်မှာဆိုပိုပြီး ချစ်ဖို့ကောင်းနေမည်မှာအမှန်။

" ဒါပေမဲ့ ဒီကလေးက သားငယ်ငယ်က အနိုင်ကျင့်ခဲ့တဲ့ကလေးမဟုတ်လား ..ဒါကို ဒီကလေးက သားငယ်ကိုဘယ်လိုစိတ်နဲ့များ လက်ခံခဲ့ရတာလဲ "

ရှောင်းပါးစကားကြောင့် ရှောင်းကျန့်မျက်နှာအနည်းငယ်ပျက်သွားပေမဲ့ ပြန်ထိန်းလိုက်တယ်။ ပါပါးပြောတာလည်း အမှန်တရားမို့သူမငြင်းချင်ဘူး ။ ပြောဖို့စကားစရှာမရတဲ့အဆုံးနှုတ်ဆိတ်နေလိုက်တော့ ပါပါးကသိသည်ဟန် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်လို့ ။ ရှောင်းကျန့်လည်း ပါပါးကိုအရိုအသေပြုလို့ အိမ်အပေါ်ထပ်ကိုသာတက်ဖို့ပြင်လိုက်တယ်။

" ပါပါးစကားမဆုံးသေးဘူးသားငယ် ခဏထိုင်ဦး ..ပါပါးပြောမယ် ရှောင်းအိမ်တော်ရဲ့ဆက်ခံသူကငါ့သားတစ်ယောက်တည်းရယ် သားငယ်နဲ့ဒီကလေးနဲ့ရှေ့ဆက်လက်တွဲမယ်ဆိုရင် မျိုးဆက်ပြဿနာဖြစ်လာနိုင်တယ် "

" အဲ့တော့ ပါပါးကတားချင်တဲ့သဘောလား "

ရှောင်းကျန့်ရဲ့မျက်လုံးတွေကစူးရဲစွာ ရှောင်းပါးကိုစိုက်ကြည့်ပြီးပြောလာတယ်။

" အဟက် ! ပါပါးသားငယ်ကတော့ကွယ်...ခေတ်ကြီးကတိုးတက်နေပါပြီ ပါပါးလည်းခေတ်နောက်ပြန်ဆွဲတတ်တဲ့လူမျိူးမှမဟုတ်တာ သဘောမတူနိုင်စရာအကြောင်းကိုမရှိတာ မျိုးဆက်ကလည်း ဖန်ပြွန်သန္ဓေသားနဲ့မွေးလို့ရတာပဲဟာ ။ ပါပါးအနေနဲ့တစ်ခုမှမကန့်ကွက်ဘူး တစ်ခုတော့ရှိတယ် သားငယ် နိုင်ငံခြားမှာ ပညာသွားသင်ရမယ် ပညာသင်ပြီးပြန်လာတဲ့အချိန်မှ သားငယ်ကို ဒီကလေးနဲ့ အိမ်ထောင်ရက်သားချပေးမယ် ။ "

" ပါပါး ပညာတော်သင်က တစ်ခါသင်ရင် "

" ပါပါးသိတယ် ဒါကြောင့်ပါပါးဒီလိုစီစဉ်တာ လူငယ်တွေကအသစ်အဆန်းဆိုအရမ်းစမ်းကြည့်ချင်ကြတာ ပါပါးပြောတာသားငယ်သဘောပေါက်မှာပါ သားငယ်ပြန်လာတဲ့အချိန်ထိ ဒီကလေးမေတ္တာမပျက်စောင့်နေနိုင်လားဆိုတာပါ ပါပါးစမ်းသပ်ကြည့်ရုံပါ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ သားငယ်ရယ် ..နောက်နေ့ကြရင်လည်း အဲ့ကလေးကို အိမ်ခေါ်လာဦးကွဲ့ ပါပါ‌းသေချာလေးအကဲခတ်ချင်လို့ "

° Tell Me..! How You HATE ME ? °Where stories live. Discover now