° 22 °

1K 90 3
                                    

Part >> 22

" ဝမ်ဝမ်ရေ အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ် "

ဧည့်သည်လာတယ်ဆိုလို့ ရိပေါ်အံ့ဩသွားတယ် ။ နာရီကိုကြည့်လိုက်တော့ ညနေ ၆ နာရီခွဲနေပြီ ခေါ်ထားတဲ့လူလည်းမရှိပါဘူး ။

" ဟုတ်ကြီးကြီး သားသွားကြည့်လိုက်ဦးမယ် "

လက်ထဲကပေါက်ပေါက်ဗူးကိုစားပွဲပေါ်ချထားခဲ့ပြီး အိမ်အပြင်ထွက်လာခဲ့တယ် ။

" ရိပေါ် "

ရိပေါ်သိသည် ဒီအသံသည် ရှောင်းကျန့်အသံပင် ။ ရိပေါ်သည် ခြံတံခါးကိုဆောင့်ကာဖွင့်လို့ ကြည့်လိုက်တော့ ရိပေါ်ကိုပြုံးပြကာကြည့်နေတဲ့ရှောင်းကျန့်ကိုတွေ့လေသည်။ ရိပေါ်တို့အိမ်ကခြံတစ်ခါးသည် သစ်သားတံခါးမို့ နိမ့်နိမ့်လေးပေ ။ ရှောင်းကျန့်အရပ်ကအရှည်ကြီးမို့ရှောင်းကျန့်ကရိပေါ်ကိုမြင်နေရခြင်းဖြစ်သည်။

" ရှောင်းကျန့် ဘာကိစ္စလဲ "

" ကိုယ့်ကောင်လေးကိုလာကြည့်တာလေ ဘာကိစ္စဖြစ်ရမှာလဲ "

" မင်းနဲ့ငါ ဘာမှမပတ်သတ်တော့ဘူး ရှောင်းကျန့်  ငါ့ကိုထပ်ပြီးမနှောင့်ယှက်ပါနဲ့ "

" တောင်းပန်ပါတယ် ! ထပ်ပြီးတော့ပဲတောင်းပန်ပါတယ် ။ ချောင်ပြောပြလို့အကုန်သိထားပြီးပြီမဟုတ်လား ။စိတ်မဆိုးပါနဲ့တော့အချစ်ရာ တောင်းပန်ပါတယ် "

" အပိုတွေလာပြောမနေပါနဲ့ မင်းတို့ကိုယုံကြည့်ပေးဖို့ငါ့အတွက်အရမ်းခက်ခဲတယ်။  အထူးသဖြင့် ရှောင်းကျန့်ဆိုတဲ့မင်းကို ယုံပေးဖို့ကတော်တော်ကြီးကိုခက်ခဲတယ် ။ "

ရိပေါ်လည်း ခြံတံခါးပိတ်မည်အလုပ် ရိပေါ်လက်ကိုလှမ်းဆွဲကာ ရင်ခွင်ထဲကိုထည့်လိုက်တဲ့ ရှောင်းကျန့် ။ ဘယ်လိုလုပ်မလဲ ရိပေါ်ရင်တွေအရမ်းခုန်နေတယ် ။ ရှောင်းကျန့်ကရိပေါ်ကိုတင်းတင်းကြပ်ကြပ်ဖက်ပြီး ရိပေါ်ရဲ့ဆံသားနုနုလေးတွေကို ဆွဲဖွကာ တစ်ရှုံ့ရှုံ့နမ်းနေလေ၏။

ရိပေါ်သည် စိတ်ကိုတင်းထားကာ ရှောင်းကျန့်ကိုစောင့်တွန်းပစ်လိုက်၏။ လမ်းမပေါ်ရှောင်းကျန့်လဲကျသွားပေမဲ့ ရိပေါ်မထူပေးမိ ။ ‌တောက်စ် တစ်ချက်ခေါက်ကာရိပေ့်သည် အံကိုတင်းတင်းကြိတ်လို့ ခြံတံခါးကိုပိတ်ကာ အိမ်ထဲကိုပြေးဝင်ခဲ့လိုက်၏။ လမ်းမပေါ်ကရှောင်းကျန့်ကတော့ ရိပေါ်ရဲ့ ကျောပြင်လေးကိုခပ်ပြုံးပြုံးလေးကြည့်လို့သာကျန်ခဲ့တယ် ။ ဒုက္ခပဲ သူပညာတော်သင်သွားမဲ့အကြောင်း သူ့အချစ်ကလေးကိုမပြောပြလိုက်ရဘူး။

° Tell Me..! How You HATE ME ? °Where stories live. Discover now