Introduction
8.1K 363 19
ငယ်ငယ်က ဆရာမတွေဆီကနေ ကြားဖူးနားဝ တစ်ခုရှိတယ်
ဆရာမက ကျောင်းသားတွေကို ကမ္ဘာကြီးက လုံးကြောင်း ရှင်းပြတယ် ပြီးတော့ သင်ခန်းစာကို ကျက်ခိုင်းတယ်
ကျောင်းသားကလည်း အိမ်ရောက်တော့ ကျက်တာပေါ့ ကမ္ဘာကြီးလည်း လုံးသည် ဘာညာပေါ့လေ။
ကျောင်းသား စာကျက်နေတာကို သူ့အမေက ကြားတော့ ပြောတာပေါ့၊
ဟဲ့ ကမ္ဘာကြီးက ဘယ်နှယ့်လုံးရမှာလဲ။ အပြားကြီးဟဲ့။ ကမ္ဘာကြီးသား လုံးနေရင် ငါတို့က ဘယ်လိုလုပ်နေလို့ရမှာလဲတဲ့။
အာ့တာနဲ့ ကျောင်းသားက ကမ္ဘာကြီးက လုံးတဲ့ နေရာမှာ ပြားတာကို ပြောင်းကျက်ခဲ့တယ်။ ကျောင်းရောက်တော့ ဆရာမက ဘယ်နှယ့် ကမ္ဘာကြီးက ပြားရမှာလဲတဲ့။
ကျောင်းသားကလည်း အိမ်က အမေ ပြောတာကို ပြန်ပြောလိုက်တာပေါ့။ ဆရာမကလည်း ကမ္ဘာကြီးက လုံးကြောင်း ပြန်ပြီး ရှင်းပြပြောပြတာပေါ့။
အာ့တာနဲ့ ကျောင်းသားက ကမ္ဘာကြီးသည် ကျောင်းတွင် လုံး၍ အိမ်တွင် ပြားပါသည်ဟု ကျက်တော့တာပေါ့။
အခုတော့ ဒီပြဿ    နာကြီးကို သိပ္ပံပညာရှင်တွေက သက်သေပြလာကြတယ်။ ကမ္ဘာကြီးက လုံးတဲ့အကြောင်း၊ ကမ္ဘာ့မြေဆွဲအားကြောင့် လူတွေကလည်း အခုလို ရပ်တည်နိုင်ကြောင်း လူတွေက သဘောပေါက် နားလည် လက်ခံလာကြတယ်။
အချစ်မှာ ကွဲပြားခြားနားချက်တွေ ခွဲခြားတာတွေ မရှိဘူးလို့ ဒယ်ဒီနဲ့ဖေ့ဆီက သိခဲ့ရတယ်
ဒယ်ဒီက ဖေ့ကို ထိရင် သားဖြစ်တဲ့ ကျွန်တော်တောင် အလွတ်မပေးဘူး။ ဒါက ကိစ္စ မရှိပါဘူး။ ဒယ်ဒီ ဆူရင် ဖေ့လို့ တစ်ခွန်းခေါ်ပြီး ရင်ခွင်ထဲ ပစ်ဝင်ချွဲပစ်လိုက်ရင် ဒယ်ဒီ နေစရာ မရှိတော့ဘူး
ကျွန်တော့ ကမ္ဘာထဲကို သူက မွေးကတည်းက ဝင်လာခဲ့တာ။ ပြောကြသေးတာ ဖူးစာနက္ခတ်နဲ့ ပိုင်ရှင်ရှိပြီးသားတဲ့။
သူလား လူကြည့်တော့ လက်တောက်လောက်လေးနဲ့ ကျွန်တော့်ကိုဆို သိပ်နိုင်တာ။ သူက တိရစ္ဆာန်လေးတွေ သိပ်ချစ်တတ်တာ။
သူ့မိဘစကားဆို ဆယ်ခွန်းမှာ ကိုးခွန်းလောက် နားမထောင်ပေမဲ့ ကျွန်တော် ပြောရင်တော့ နားထောင်ပါတယ်။ အင်း....။ နားထောင်တယ်ဆိုပါတော့....။