19
2.2K 257 20
                                အပိုင်း ( ၁၉ )
သီးသန့်ခန်း၌ ညစာ စားရန် တိတ်ဆိတ်လျက် ရှိသည်။ ရာရာနဲ့မယ်က ဘေးချင်းကပ်လျက် ထိုင်၍ ကမ္ဘာနှင့်ဘေဘီက ထိပ်နှင့်ဘေး ဖြစ်သည်။
သွားခါနီး စိတ်အခန့်မသင့် ဖြစ်ကြခြင်း ဖြစ်သည်။ ဘာကြောင့် သူတို့နှစ်ယောက် ညစာ ထွက်စားတာ ရာရာက ပါလာရတာလဲတဲ့။
မှာထားသည်များ ရောက်လာသည်အထိ တိတ်ဆိတ်နေသည်။ မယ်က စတင်၍ ဖြိုခွဲရန် ကြိုးစားသည်
" အဟင်း မှာထားတာတွေလဲ ရောက်လာပြီဆိုတော့ စိတ်ကောက်နေကြလဲ အစားတော့ စားကြ "
မယ်က အခြေအနေကို ကြည့်ရုံနှင့် သိပါသည်။ ဘေဘီနဲ့ကမ္ဘာ ထွက်လာခါနီး တစ်ခုခု ဖြစ်လာသည်ဆိုတာ။
" မမယ် အပြန် ငါ လိုက်ခဲ့မယ်...တီငယ်နဲ့ မတွေ့ရတာ ကြာပြီ..."
ဘေဘီလုံး၏ စိတ်ကောက်မှု levelသည် စိုးရိမ်ရေမှတ်ကို ရောက်နေသည်မှာ သိသာလွန်းလှသည်။
ရာရာက သူ့အစ်ကို၏ မှုန်သိုနေသော မျက်နှာထားကို ကြည့်၍ ငြိမ်ကုတ်နေသည်။
ဘေဘီလုံး တူကို ကောက်ကိုင်လိုက်ပြီး ပုစွန်ကွေးတစ်ခုကို ယူ၍ ရာရာ့ထဲ ထည့်ပေးသည်။
" ရာရာ ထည့်စား ဘာမှအားမနားနဲ့ အစ်ကို ကျွေးမှာ "
" ဟုတ် ကျေးဇူးတင်ပါတယ် ကိုကို "
ကမ္ဘာ၏ မျက်နှာ ပုပ်သိုးနေသည်။ မယ်မှာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။ နိုင်တာလဲ မဟုတ်ဘဲ စိတ်ဆိုးနေသည်။
ကမ္ဘာ သူ့ကို ညစာ အပြင်မှာ သွားစားမယ် တစ်ခွန်းသာ ပြောပြီး ထွက်လာခါနီး မယ်နဲ့ရာရာ ပါတယ်တဲ့။ နှစ်ယောက်အတူ စားရတော့မှာဆိုပြီး ပျော်နေခဲ့သမျှ သဲထဲ ရေသွန်။
ဒါကို သူက စိတ်မဆိုးရဘဲ ပြန်စိတ်ကောက်နေသည်။ မချော့နိုင်ဘူး။ အလိုလိုက်လို့ ဘေဘီလုံးတို့က ဆိုးနေတာ။
အခုလည်း သူ့ဘေး လာမထိုင်ဘဲ ထိပ်မှာ တစ်သီးတစ်သန့် သွားထိုင်နေသည်။ နောက် ရာရာ့ကိုလည်း ဟင်း ထည့်ပေးလိုက်သေးသည်။ ဘေဘီလုံးက နာချင်နေပြီ။