1
5.4K 494 74
                          အခန်း ( ၁ )
" အူးးးးးဝါးးးးး.....ဗြဲ......"
ဘေဘီလုံး၏ အော်ငိုသံသည် ဆရာမအု၏ အိမ်၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မူကြိုဆင်းချိန် ဖြစ်ပြီး အခြားကလေးတွေသည်လည်း အိမ်ပြန်သွားကြသည်။ ဘေဘီလုံးသည် အော်၍ ငိုနေသည်။
" ငိုစမ်းနဲ့ "
ပီပီသသ အသံသေးသေးလေးက စူးခနဲ ထွက်ပေါ်လာသည်။ အော်ငိုနေသည့် ဘေဘီလုံးပင် ငိုနေတာ တိခနဲ ရပ်သွားပြီး အောက်နှုတ်ခမ်းလေး ကိုက်ကာ တအင့်အင့်  ရှိုက်နေသည်။
" အင့်....ချရာမအုနဲ့...အင့်...တိုင်မယ် အင့်..."
ဘေဘီလုံး လက်ခုံလေးနဲ့ ဖိပြီး မျက်ရည် သုတ်လိုက်သည်။ သူ့ရှေ့က ရပ်နေသူကို မျက်မှောင်လေး ကုတ်ကြည့်လိုက်သည်။
" မင်း ဝင်တိုက်တာ ငါ့ကြောင့် ဟုတ်ဘူး "
အကြောင်းမှာ ဘေဘီလုံး၏ ချောကလက်စတော်ဘယ်ရီကိတ်လေး ကလေးငယ်လေးကြောင့် ကျသွားခြင်းကြောင့် ဖြစ်သည်။
" တီ! တီ! တီ! "
ထိုချိန် ရှေ့က ကားဟွန်းတီးသံကြောင့် ကလေးငယ်လေးက သူ့ကျောပိုးအိတ်လေးကို ကောက်လွယ်ပြီး ထွက်သွားပြီ ဖြစ်သည်။ ဘေဘီလုံး ကြမ်းပြင်မှာ ကျသွားသည့် ကိတ်လေးကို နှမြောတသ ကြည့်ပြီး အောက်နှုတ်ခမ်းလေး ကိုက်နေသည်။
သူ့ ညနေစာ အဆာပြေ မုန့်လေး ရှိတော့ဘူး။ အာ့တာ ဘယ်သူမှန်း မသိတဲ့ အာ့အပေအတေလေးကြောင့်။
ဘေဘီလုံး သူ့အရုပ် ကျောပိုးအိတ်လေးကို လွယ်ပြီး အိမ်ကို တစ်ယောက်တည်း ပြန်သွားသည်။ ဆရာမအုအိမ်နှင့် သူ့အိမ်သည်။  သိပ်မဝေးပေ။
ဘေဘီလုံး အိမ်ပြန်လမ်း တစ်လျှောက်လုံး ဟိုအပေအတေလေးကြောင့် သူ့မုန့် ကျသွားတာကိုပဲ တွေးရင်း ဝမ်းနည်း​နေသည်။
" သား ပြန်လာပြီလား "
" အင့် "
လွန်း အိမ်ရှေ့အထွက် သားကို တွေ့တာကြောင့် သားဆီက လွယ်ထားသည့်ကျောပိုးအိတ်လေးကို လက်လွဲယူလိုက်သည်။ သားကို ကြည့်တော့ ချေးပေကြောင်ချေးရုပ်လေးနဲ့။ ငိုထားသည့်ရုပ်လေး။ ဒီကလေး ဘယ်သူနဲ့ ဘာဖြစ်လာပြန်ပြီလဲ။ တစ်အိမ်လုံးက အလိုလိုက်ထားတော့ သားက ဆိုးချင်သည်။ လိုချင်တာ အမြဲရနေတော့ လွန်း သားကို လမ်းမမှားစေချင်ပါ။