6
2.9K 365 28
                          အပိုင်း ( ၆ )
" Morning ဖေလွန်း "
" morning သားကမ္ဘာ "
ကမ္ဘာ နံနက်စာ ထမင်းဝိုင်းမှာ Breakfastပြင်နေသည့် လွန်းကို နှုတ်ဆက်လိုက်ပြီး သူ့အတွက် နေရာမှာ ဝင်ထိုင်လိုက်သည်။
နံနက်စာဝိုင်းသည် အဏ္ဏဝါအကြိုက် ကော်ဖီခါးခါး၊ ဘေဘီလုံးအကြိုက် ပဲနို့က မပါမဖြစ်။ ကမ္ဘာ သူ့အတွက် ပြင်ထားသည့် ထမင်းဆီဆမ်းကို ယူစားလိုက်သည်။
သူ့အတွက် ဒီအိမ်က သူ့အိမ်လိုပင်။ ကမ္ဘာ့အတွက် မိသားစုလို ဖြစ်နေသည့် ဒီအိမ်မှာ  အိပ်တာ၊ စားတာက ပုံမှန်။
" ဖေလင်းရော...."
ကမ္ဘာ ထမင်းဆီဆမ်းကို စားပြီး ပဲနို့ခွက်ကို ယူသောက်ပြီး မေးတော့ လွန်းက ကမ္ဘာ့ဆီ အကြည့်ရွေ့ပြီး....
" ဘေဘီလေ သူ့ဘွားတွေနဲ့ ဟန်လင်းကို လိုက်သွားတယ်လေ။ အာ့တာ သူ့ဒယ်ဒီက နံနက်စော အိမ်ကြီးကို သွားပို့ရင်း ကုမ္ပဏီကို တန်းသွားတယ် "
" ဘေဘီက ဟန်လင်း သွားတာလား "
" အင်း ဘာစိတ်ကူးပေါက်ပြီးလဲ မသိဘူး နံနက်စော လိုက်ပို့ခိုင်းလို့ လိုက်ပို့ရတယ် "
ကမ္ဘာ သိလိုက်ပါပြီ။ ဘေဘီက စိတ်ဆိုးပြီး ဟန်လင်းကို လိုက်သွားတာ။ ချော့ရခက်လိုက်တာ ဘေဘီက...။
" သားကမ္ဘာ ကျောင်းသွားမှာမလား ဖေလွန်းနဲ့ လိုက်ခဲ့လေ "
" သား အိမ်ကို ခဏပြန်အုံးမှာမလို့ အိမ်က ကားကို ခေါ်ထားတယ် "
" အင်း အင်း။ မင်းတို့ ဖေလင်းက ညကျ ပြောသေးတယ်။ နှစ်ယောက် ခွဲထားမှ ရမယ်တဲ့ "
" ဟာ အာ့တာတော့ မဖြစ်ဘူးနော် ဖေလွန်း။ "
လွန်းက ပြောတော့ ကမ္ဘာက ပြာပြာသလဲ လက်တခါခါနဲ့ ပြောသည်။ လွန်းက မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ခေါင်းတခါခါနှင့်သာ ရယ်နေသည်။
~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာ ကျောင်းကို မသွား။ နံနက် ပြန်ရောက်ကတည်းက  ဘေဘီ့ဆီကို ဖုန်းခေါ်နေပေမဲ့ မကိုင်။ Chat boxကို စာပို့တော့ ပိုဆိုး။ Messageပို့တော့လည်း စာ မပြန်။