12
2.4K 319 9
                             အပိုင်း ( ၁၂ )
ကမ္ဘာတို့နှစ်ယောက် သီးသန့်ခန်းထဲကို ဝင်သွားသည်။ နန်းမူက ဟင်းပွဲတွေကို နေရာချနေသည်။ ဘေးမှာ ဝန်ထမ်းကောင်မလေးတွေကလည်း ဟင်းပွဲတွေကို ဂရုတစိုက်နဲ့ သယ်နေကြပြီး နန်းမူကို ပေးသည်။ နန်းမူက ဟင်းပွဲတွေက်ု သူ ကိုယ်တိုင် ပြင်ဆင်ကာ နေသည်။
" သားတို့ ရောက်ပြီလား ထိုင်၊ ဟင်းပွဲတွေကလည်း အခုပဲ ကျက်တာ ပူပူနွေးနွေးလေး "
" ဟုတ် "
ကမ္ဘာက ခုံဆွဲထုတ်ပေးသည်။ ဘေဘီလုံး ခုံမှာ ဝင်ထိုင်သည်။ ကမ္ဘာလည်း ဘေဘီလုံးဘေးမှာ ဝင်ထိုင်သည်။ နောက်ကနေ ပါလာသည့် ရာရာလည်း မျက်နှာချင်းဆိုင်ခုံမှာ နန်းမူနဲ့အတူ ဝင်ထိုင်သည်။
ဝန်ထမ်းကောင်မလေးတွေကလည်း အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်သွားကြသည်။ တစ်ခန်းလုံး တိတ်ဆိတ်မှုက ကြီးစိုးနေသည်။
ဘေဘီလုံး ကမ္ဘာ့ဘက်ကို မသိမသာ ကြည့်လိုက်တော့ ဘာမှမဖြစ်သလို တောင့်တောင့်ကြီး။
ဒီကောင် ဘယ်တုန်းက ဒီလောက် ရုပ်တည်ကြီး နေတတ်သွားတာလဲ။ ချီးပဲ!!!
" သားဘေဘီ ပြန်ရောက်တာ ကြာပြီလား "
နန်းမူက စတင်၍ တိတ်ဆိတ်မှုကို ဖြိုခွဲပြီး မေးသည်။
" ဟုတ်၊ အရင်အပတ်ကပဲ ပြန်ရောက်တာ "
ဘေဘီလုံး သူ ပြန်ရောက်နေတာ မကြာသေးကြောင်း စကားထဲမှာပါ ထည့်ပြောသည်။ ဒါကို ကမ္ဘာက အေးဆေးစွာပင် ဖန်ခွက်ကို တစ်ရှူးတစ်ရွက် ယူပြီး သုတ်ကာ ရေထည့်ပေးသည်။
နန်းမူက သူ့သား၏ အမူအရာကို လိုက်ကြည့်နေသည်။ ရာရာက သူ့အစ်ကို့ကို စကားပြောချင်ပေမဲ့လည်း မပြောရဲ ဖြစ်နေရှာသည်။
" ပြန်သွားအုံးမှာလား "
" မသွားတော့ဘူး၊ ဒယ်ဒီက ဒီတစ်ခါ သွားရင် ခြေထောက်တွေ ရိုက်ချိုးထားမှာတဲ့ "
" အဟင်း ဟင်း အာ့လိုပဲ ပြောသလား၊ တီနန်းကတော့ အာ့လို မထင်ပါဘူး၊ သားကို မသွားစေချင်လို့ ခြိမ်းခြောက်တာပဲ နေမှာပါ "
" ဒယ်ဒီက ပြောတော့ ဖေက ငါ့သားကို ထိရဲ ထိကြည့်ဆိုပြီး ပြောတယ်လေ၊ ဒါနဲ့ လေးလေးရော...."