9
2.4K 343 53
                               အပိုင်း ( ၉ )
" ကမ္ဘာ သား ထည့်စား "
မိသားစု ထမင်းဝိုင်းလေးသည် ဇွန်း ခရင်းသံမှ လွဲ၍ မကြားရ။ တိတ်ဆိတ်နေသည့် ထမင်းဝိုင်းကို ဖြိုခွဲလိုက်တာက ကမ္ဘာ့အမေ နန်းမူရာကျော့။
တနင်္ဂနွေနေ့ ညနေတိုင်း မိသားစု ဆုံစေကာ ထမင်း လက်ဆုံ စားစေသည်။ ကမ္ဘာ အိမ်ကို ပြန်မလာပေမဲ့ ထိုနေ့တော့ ချွင်းချက် မရှိ ပြန်လာရသည်။
ကမ္ဘာ၏ ဖခင်က ကိုယ်ပိုင်ပန်းချီ ပြခန်း ဖွင့်လှစ်ထားပြီး နယ်တွေ ထွက်ကာ ပန်းချီ မဆွဲတော့ဘဲ အခြေချတော့သည်။ နန်းမူက ဆိုင်တွေကိုသာ ဦးစီးဦးဆောင် ပြုနေရင်း တောင်ကြီးနဲ့ အသွားအပြန် လုပ်နေသည်။
တောင်ကြီးဘက်က ခြံတွေကို နန်းမူ၏ မိခင် ခင်မူရာထိပ်ထားကပဲ ဆက်လက်ဦးစီးနေသည်။ ကမ္ဘာ၏ ညီမ ကြယ်တာရာက အဘွားနဲ့ အတူနေသည်။ သုံးနှစ်သမီး အရွယ်ကတည်းက ဒေါ်ခင်မူရာထိပ်ထားက ခေါ်ထားသည်မှာ ယခုဆို အထက်တန်း နောက်ဆုံးနှစ်တောင် ရှိပြီ ဖြစ်သည်။
ကမ္ဘာသည်လည်း မိသားစုနဲ့ စိမ်းသက်သွားကာ ကိုယ်ပိုင် တိရစ္ဆာန်ဆေးခန်းလေးကို သူနေသည့်Condoနဲ့ တစ်လမ်းကျော်မှာ ဖွင့်ထားသည်။ ပုံမှန် ဝင်ငွေ မရပေမဲ့ ကမ္ဘာ ပျော်သည်။
တိရစ္ဆာန်တွေက လူတွေလိုတော့ ပစ်မသွားကြဘူး။ ခွေးတွေဆို သူတို့အပေါ်ကောင်းရင် သိပ်သစ္စာရှိတာ။ ကြောင်လေးတွေဆို သူ့အနား သိပ်ကပ်တာ။
ဒီအတွက် ကမ္ဘာ အမေနဲ့ ခဏခဏ စကားပြောရသည်။ အကြောင်းမှာ သူ့ဆိုင်တွေကို ဦးစီးစေချင်နေတာကြောင့်။ ကမ္ဘာကလည်း လုံးဝကို စိတ်မဝင်စား။
နန်းမူ ငါးကြင်းဆီပြန်ချက်ထားသည့်ထဲမှ ငါးတစ်ကွင်းယူကာ ကမ္ဘာ့ပန်းကန်ထဲကို ထည့်ပေးသည်။ ကမ္ဘာ ပန်းကန်ထဲ ရောက်လာသည့် ငါးကွင်းကို ကြည့်ပြီး တစ်ယောက်သောသူကို သတိရကာ စိတ်ထဲလည်း အလွန်ဝမ်းနည်းသွားသည်။
ကျွန်တော် ငါး အရိုး မနွှင်တတ်တာ မေမေ မသိဘူးလား။ ညီမလေးဆို မေမေ ငါး အရိုးနွှင်ပေးမှာမလား။
ကမ္ဘာ ငါးကွင်းကို ပန်းကန်အဖျားနားကို ကပ်လိုက်ပြီး အခွံခွာပြီးသားပုစွန်နဲ့သာ စားလိုက်သည်။