11
2.5K 350 43
စာ မစစ်ထားပါ။
Note  ::: commentလေးတွေ ဖတ်ချင်တယ် ရေးပေးပါ။ အခုတလော စိတ်က လေလွင့်နေတာ။ အားဆေးလေးအနေနဲ့ ရေးပေးကြပါနော် ~.~
                                 အပိုင်း ( ၁၁ )
ဘေဘီလုံး ပြန်ရောက်နေသည်မှာ တစ်ပတ်ပင် မပြည့်သေး ကမ္ဘာ၏ အခန်းမှာ တက်နေ,နေသည်။ နေ့ဆို ဟိုဘက် အဘိုး၊အဘွားအိမ် သွားလိုက်၊ ဒီဘက် အဘွားတွေကို ကပ်ချွဲလိုက်နဲ့ အလုပ်ရှုပ်နေသည်။
ညဆို Clubတက်လိုက်နဲ့ တကယ်ကို အလုပ်ကြီး လုပ်နေရသည်။ ကမ္ဘာမှာလည်း ဘေဘီလုံး သွားသည့် club၊ bar မှန်သမျှ မရောက်ဖူးသည့်နေရာ မရှိ။ အခုလည်း Street foodစားမယ်ဆိုပြီး ညဈေးတန်းကို ထွက်လာကြသည်။
နှစ်ယောက်သား ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ plantကိုသာ ဝတ်ပြီး ထွက်လာကြသည်။ ကားမမောင်းချင်သည်ကြောင့် ကားကို ထားခဲ့ပြီး Taxiငှါးစီးပြီး ထွက်လာကြသည်။
ညဈေးရောက်တော့ လူတွေက ပြားပြားခတ်လို့။ ကမ္ဘာ ဘေဘီလုံးနဲ့ ယှဉ်လျှောက်ပြီး တုတ်ထိုးဆိုင်ဆီကို ဦးတည်နေသည်။ တုတ်ထိုးသည် အဒေါ်ကြီးက အသားတွေကို လှီးဖြတ်ထိုးနေသည်မှာ ကျွမ်းကျွမ်းကျင်ကျင်။
ကမ္ဘာနဲ့ဘေဘီလုံး အဒေါ်ကြီးရှေ့မှာ ထိုင်ပြီး စိတ်ကြိုက် နားရွက်၊ အသည်းနဲ့ အမျိုးမျိုးကို တုတ်ထိုးခိုင်းနေသည်။ အချဉ်ကလည်း နှစ်မျိုးဆိုတော့ ကြိုက်နှစ်သက်ရာ စားလို့ ရသည်။ ဟင်းချိုကိုပါ ပန်းကန်နဲ့ ထည့်ပြီး နှစ်ယောက် ဇွန်းတစ်ချောင်းနဲ့ သောက်နေကြသည်။
ဘေးက ကြာဇံ၊ခေါက်ဆွဲကြော်ကိုပါ နှစ်ယောက်တစ်ပွဲ မှာပြီး စားနေကြသည်။ နှစ်ယောက်လုံး Street Food အလွန်ကြိုက်သည်။
တုတ်ထိုးဆိုင်မှာ အတော်လေး စားသောက်ပြီးနောက် ညဈေးတန်းပတ်ကြသည်။ ခေါင်းလောင်းလေး တီး၍ ရေခဲမုန့်၊ရေခဲမုန့် အော်ရောင်းနေသည့် ဦးကြီးနားသွားပြီး ကန်တော့ချွန် ရေခဲမုန့်ကို နှစ်ရောင်စပ်ကာ ဝယ်စားကြပြန်သည်။
ညဈေးကို အတော်အသင့်ပတ်ပြီး အပြန်စားဖို့ မီးသရဲ၊ မုန့်လင်မယားနဲ့ အပြိုင် သဘောင်္သီးထောင်းနဲ့အတူ ကြက်ခြေထောက်အစပ်ကိုပါ ဝယ်ခဲ့သည်။