Episode 1 : အေးခဲလှသည့် မြောက်ပိုင်း၏ တစ်ခုသောနံနက်ခင်းဝယ်

60.4K 678 8
                                    


အရှေ့ပိုင်းအင်ပါယာ၏ အင်အားအကြီးဆုံးတိုင်းပြည်တစ်ခု ။

ထိုတိုင်းပြည်မှာ ရတနာ သုံးပါးရှိတယ်။ နံပါတ် (၁)ဘုန်းတန်ခိုးကြီးမားလှသော ရှင်ဘုရင်
(၂) ဉာဏ်ပညာထက်မြတ်ပြီး လှပလွန်းသော အိမ်ရှေ့စံမင်းသမီး
(၃) ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး တိုက်ပွဲတိုင်းကို အောင်နိုင်သော စစ်သူကြီး

စစ်သူကြီး ဟောလ်က ငယ်စဉ်ကတည်းက စစ်တပ်ထဲကို ဝင်ရောက်ခဲ့ပြီး သူ့ရဲ့မိသားစုဂုဏ်ကို ‌မြင့်တင်ပေးခဲ့တယ်။ ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲတွေများစွာ ကျော်ဖြတ်ပြီးချိန်မှာ သူက စစ်နတ်ဘုရား ဖြစ်လာတယ်။

အခုသူက အနောက်ပိုင်းမှာ ဘုရင့်အင်ပါယာကို ပြန့်နှံ့စေပြီး တိုင်းပြည်ပြန်လာနေတယ်။ ဘုရင်က စစ်သူကြီးကို အလွန်နှစ်ထောင်အားရလို့ သမီးတော်နဲ့ ပေးစားဖို့ကြံတယ်။ အသည်းနှလုံးမဲ့နေတဲ့ စစ်သူကြီးက ငြင်းဆန်ပြီး သူရဲ့ မွေးရပ်မြေကို ပြန်သွားတယ်။

မြောက်ပိုင်းက အေးခဲတယ်။ နှင်းတွေလည်း ကျတတ်တယ်။ စစ်သူကြီး ပြန်သွားချိန်မှာ သူ့ရဲ့ မိသားစုတွေက မြို့တော်မှာ သူ့ရဲ့ထောက်ပံ့ပေးမှုနဲ့ သူဌေးလိုနေနေကြပြီ။ စစ်သူကြီးက သူနေထိုင်တဲ့ အိမ်ဟောင်းလေးဆီ ပြန်သွားတယ်။

စစ်ပွဲတွေ များစွာ ဖြတ်သန်းဖူးတဲ့ စစ်သူကြီးက ‌နှင်းတွေ ထူထပ်စွာ ကျနေတဲ့ ရာသီဥတုကြီး ထဲမှာ တစ်ယောက်ထဲ အိမ်ပြန်ခဲ့တယ်။ သူငယ်စဉ်က အိမ်လေးက ‌လူသူကင်းမဲ့ပြီး ရွာလေးကလည်း ခြောက်ကပ်နေတယ် ။စစ်သူကြီးက သူငယ်ငယ်က အိမ်လေးထဲ ဝင်ပြီး ပင်ပန်းနေတာကြောင့် အိပ်စက်‌လိုက်တယ်။ အိမ်ပြန်ရောက်ပြီ ဆိုတဲ့အသိကြောင့် စစ်သူကြီးက နှစ်ခြိုက်စွာ အိပ်ပျော်နေတယ်။

ငါးဆယ့်ခြောက်လှမ်း ၊ငါးဆယ့်ခုနစ်လှမ်း ၊ ငါးဆယ့်ရှစ်လှမ်း...... တစ်ရာ့ခုနစ်လှမ်း

သိမ်မွေ့သော ခြေလှမ်းလေးဖြစ်ပြီး အန္တရယ်ပေးမယ့် အ‌ေငွ့အသက်မရှိ၊ ပေါ့ပါးသောခြေလှမ်းကြောင့် ထိုသူက ပိန်ပါးသည်။ လေတိုက်ရာအရပ်က မြေပြင်အထက် တစ်မီတာကျော်ဆိုတော့ အရပ်ကလည်း ပုသည်။ လေထဲက ရနေတဲ့ အငွေ့အသက်နဲ့ပုံစံအရ မိန်းကလေးလည်း မဟုတ်။ အိမ်တံခါးရှေ့မှ ရပ်နေပြီး ခြံဝင်းထဲကို လှည့်ပတ်ကြည့်တယ်။ ပြီးနောက် ခြံတံခါးကို ဖွဖွခေါက်နေတယ်။

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now