13

13K 264 11
                                    

မြို့တော်ကို ပြောင်းရွှေ့လာပြီဖြစ်တဲ့ ဟောလ်တို့က စစ်သူကြီး အိမ်တော်ကို အပိုင်စားရသွားပြီ ဖြစ်သည်။ ထိုနေရာက စည်ပင်သာယာလှတဲ့ မြို့တော် တောင်ဖက်ပိုင်းက ခြံဝင်းနဲ့ ဥယျာဉ်ဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ကလည်း အတော်လေးကို သာယာလှသည်။ နိုင်ငံ့စစ်သူကြီးတွေကိုသာ ထားရှိတာကြောင့် ပတ်ဝန်းကျင်အိမ်တော်တွေကလည်း စစ်သူကြီးမိသားစုတွေသာ ဖြစ်သည်။

အာခီရာက ရွာကနေ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေဆဲ ဖြစ်ပေမဲ့ မင်းအမတ်ရာထူးရလာခဲ့တဲ့ အာခီရာ အဖေကလည်း မြို့တော်ကို ပြောင်းလာတာကြောင့် သူကလည်း လိုက်လာခဲ့သည်။ ထို့အပြင် ဟန်မုံကလည်း သူတို့ စံအိမ်အနီးနားက တခြားအိမ်တော်တစ်ခုမှာ နေတာကြောင့် သူက လက်ခံခဲ့ဖြစ်သည်။

ဟောလ်အနေနဲ့ အာခီရာကို လက်ထပ်လိုလှပြီ ။
အာခီရာက ငြင်းဆန်လွန်းနေတာကြောင့် တစ်ခါတလေ သူ ဒေါသပင် ဖြစ်ရသည်။ မွေးထားတဲ့ ကလေးသုံးယောက်တောင် ခဏလောက်ကြာရင် ကျောင်းသွားရတော့မည့်အခါ ရောက်ပေတော့မည်။

အခုတောင် အာခီရာက အားတိုင်း သူ့မိဘအိမ်ကို သွားနေရှိကာ ဟောလ်ကသာ ကလေးထိန်းရလေသည်  အိမ်တော်မှာ ဟောလ်မရှိသည့်အခါမှ အာခီရာက ကလေးတွေနဲ့ နေလေ့ရှိသည်။

ဟောလ်အတွက် ကံကောင်းတာက အာခီရာမိဘတွေက သူတို့နဲ့အတူတူလာမနေခြင်းပင် ဖြစ်သည်။ အာခီရာက သူ့မိဘတွေ ရှိနေလျှင် သူ့ကို လုံလောက်စွာ ပေးဖို့ ငြင်းဆန်လေ့ရှိသည်။

  မနက်ခင်း နိုးလာချိန်မှာ ဟောလ်က အရင်ဆုံး တို့ဟူးလို နူးညံ့တဲ့အထိအတွေ့ကို အရင်ရသည်။ ဒါကတော့ သူနေ့တိုင်း ခံစားရတဲ့ သုခဘုံလေးပေါ့။ ညဝတ်ဝတ်စုံ လျော့လျော့အောက်မှာ ယုန်တွေလို ဖြူဖွေးနူးညံ့ကြီးမားတဲ့ ရင်ဘတ်က တစ်ဝက်လောက်ပေါ်နေတယ်။ ကလေးတွေကို နို့တိုက်တာကြောင့် နို့ရည်တွေက အမြဲတမ်း စီးကျနေလေ့ရှိတဲ့အတွက် အာခီရာက ခါးစည်းအဝတ်ကို ဝတ်တယ်။

ဟောလ်ကတော့ မကြိုက်ပါဘူး။ ရှုပ်ရှုပ်ယှက်ယှက်တွေ။

ခါးစီးဝတ်ရင်ခံက လျော့နေတာကြောင့် ရင်ဘတ်တွေက ထွက်ပြူနေကာ ဟောလ်က အာခီရာ ရင်ဘတ်ကို မျက်နှာအပ်ကာ အိပ်တာကြောင့် နို့ရည်နံ့သင်းသင်းလေးရနေတယ်။ အိစက်နေတဲ့ ရင်နှစ်မြွှာကြားထဲ နှာခေါင်းနဲ့ တိုးဝှေ့ဆော့ရတာကို သူ အတော်လေး နှစ်ခြိုက်တယ်။

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now