After Marriage Extra: Part 3 ( သီတင်းကျွတ်လက်ဆောင်အဖြစ် အပြည့်တင်ပေးထားပါသည်)

4K 86 0
                                    

ညနေပိုင်း စစ်ရေးလေ့ကျင့်ပြီးသည်နှင့် ဟောလ်သည် ယောက်ဖတော်နှစ်ဦးဖြစ်သည့် ဟော့ဝပ်၊ချာချီတို့နှင့်အတူ အိမ်တော်သို့ ပြန်လာခဲ့လေသည်။ အရှေ့ပိုင်းဒေသ၏ စစ်ရေးများက မငြိမ်မသက်ဖြစ်နေသည့်အလျောက် စစ်သည်တို့၏ စိတ်တွင်းကလည်း လှူပ်ခတ်နေလေသည်။

ယခင်ကဆို စစ်တိုက်ထွက်ဖို့ ဟန်တပြင်ပြင်ဖြစ်နေကြသော်လည်း အခုကမူ အသည်းသက်ညှာလေးများအပြင် မျိုးဆက်ရင်နှစ်သည်းချာတို့ပါ ပွားလာသည့်အခါ စိတ်မျှင်တို့က သွယ်တန်းနေပြန်လေသည်။

ထုတ်မပြောကြသော်လည်း ၃ ဦးစလုံး၏ စိတ်ထဲကမူ အတူတူသာ ဖြစ်လေသည်။

လမ်းခွဲသို့ ရောက်သောအခါတွင် ဟောလ်က ယောက်ဖတော်တို့ကို ဂါဝရဖြင့် နှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။

အိမ်တော် တံခါးကို ဖွင့်လိုက်သည်နှင့် ချစ်ဇနီးလေးနှင့် ရင်နှစ်သည်းချာလေးတို့၏ ချစ်စဖွယ်ရယ်မောသံတို့က နားထဲသို့ စီးဝင်လာလေသည်။

အာခီရာက ကြာပန်းပွင့်များထိုးထားသော ဖြူလွလွကြာချည်ရိုးရာအထည်ကို ဝတ်ဆင်းထားကာ ခေါင်းတွင်လည်း ကြာပန်းများကို ပန်းကုံသဖွယ် ပန်ဆင်ထားလေသည်။ ထို့အပြင် ကလေး ၃ ယောက်ထက်၌လည်း ကြာပန်းပုံ လည်ဆွဲများ ဆွဲထားတာကြောင့် မကြာခင်၌ ကြာပန်းမီးပူဇော်သည့် ပွဲရောက်ရှိတော့မည်ကို သိလိုက်သည်။

အိမ်တော်တွင်လည်း ကြာပန်းပုံမီးပုံးများစွာကို ချိတ်ဆွဲထားလေသည်။

"ဒယ်ဒီပြန်လာပြီ " ရှိန်းက ဖခင်ကို မြင်သည်နှင့် မြူးထူးစွာ အော်လိုက်ပြီးတော့ လုံးတုံးတုံးနဲ့ ပြေးလာလေသည်။ လက်ထဲတွင်လည်း ကြာပန်းမီးပုံးလေးကို ကိုင်လို့ ။

" ဒယ်ဒီ " " ဒယ်ဒီ "  ဒိုနိုဗန်နှင့် လီယာနာကလည်း ဟောလ်ဆီကို ပြေးလာလေသည်။

" ဒယ်ဒီ ၊ မားမားက သမီးအဖို့ သရဖူလေး လုပ်ပေးထားတယ် " လီယာနာက သူမခေါင်းပေါ်က ကြာပန်းသရဖူလေးကိုပြရင်းဆိုလေသည်။

" ကြာပန်းသရဖူလေးနဲ့ ဒယ်ဒီသမီးလေးက အလှဆုံးပဲ "

" ခစ် ခစ် ခစ် ခစ် " လီယာနာက ရှေ့သွားလေး ၂ချောင်းပေါ်သည်အထိ ကျေနပ်စွာ ရီမောနေလေသည်။ဟောလ်က သမီးဖြစ်သူကို ချီလိုက်တော့ သား ၂ ယောက်က သူ့လက်တွေကို ဆွဲကာ

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now