10

21K 387 19
                                    

ဘုရင့်တပ်မတော်က နယ်မြေရေးရာ ဆွေးနွေးမှုတွေကြောင့် အချိန် ၂လကား လျင်မြန်စွာကုန်ဆုံးသွားခဲ့ပေသည်။ တာဝန်က ၂ လသာ ဖြစ်ပေမဲ့ ကြားထဲက တခြားသော ပြသနာရပ်တွေကြောင့် ‌ဟောလ်နဲ့ ဟော့ဝပ်တို့ ညီအကိုက မြောက်ပိုင်းကို ပြန်မလာနိုင်သေးပါဘူး ။ အိမ်တော်မှာ ကျန်နေခဲ့တဲ့ အာခီရာတို့က စာပေလေ့လာခြင်းမှာသာ မွေ့လျော်နေခဲ့ကြသည်။စာသင်ပြီး တောင်ပေါ်ကနေ ပြန်လာတဲ့ အာခီရာက သူတို့ငယ်စဉ်က အကြောင်းတွေကို ပြန်ပြောင်းပြောကာ ရယ်မောနေသည်။ ဟန်မုံကတော့ ဘေးနားကနေ အာခီရာပြောသမျှကို နားထောင်ကာ လိုက်လာခဲ့သည်။

"အို အမေ့ " အာခီရာက ရုတ်တရက်မူးဝေသလို ခံစားလာရတာကြောင့် သူက မြေပြင်ပေါ်ကို လဲကျလုမတတ် ဖြစ်သွားလေသည်။ ဟန်မုံက လျင်မြန်စွာ တွဲချီပေးလိုက်သည်။

" နေမကောင်းဘူးလား အခုတလောအာခီရာကို ကြည့်ရတာ အားမရှိတဲ့ပုံ ပေါက်နေတယ် "

"အာခီရာ ဘာမှ မဖြစ်ပါဘူး အဆင်ပြေ....." အာခီရာက ပြောတာပင် မဆုံးသေးပေ။ သူက မြေပြင်ပေါ်သို့ မေ့လဲကျသွားသည်။

မေ့မျောနေတဲ့ အာခီရာက သူနဲ့ ဟော့လ်တို့ စတွေ့ကြတဲ့ လမ်းမပေါ်ကို ပြန်ရောက်နေတယ်။ရွှေရောင်သံချပ်ကာ ဝတ်စုံနဲ့ စစ်သူကြီး ဟောလ်က သူ့ကို နူးညံ့စွာ နမ်းနေတယ်/ သူက ပျော်ရွှင်မှုကြောင့် သူ့ပါးပြင်လေးက နီမြန်းနေတယ်။

"ဇနီးလေး ကိုယ်တို့လက်ထပ်ကြရအောင် | ဇနီးလေး ကိုယ့်ကို လက်ထပ်နိုင်မလား?"

"အင်း" အာခီရာက ရှက်ရွံ့စွာ ပြောလိုက်သည်။ဟောလ်က သူ့ကို ပွေ့ချီကာ နမ်းနေသည်။

"သားသားကိုလည်းချီ"

သေးငယ်သော အသံလေးကြောင့် အာခီရာ ငုံ့ကြည့်လိုက်ရာ ဟောလ်နဲ့ ဆင်တူပြီး သေးငယ်သော လူသားကလေးက သူ့ကိုချီဖို့ ပြောနေသည်။ အာခီရာက ဟောလ်ကိုယ်ပေါ်ကနေ ဆင်းကာ ကလေးလေး‌ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။

" ‌ကလေးလေးက တစ်ယောက်ထဲလား ၊ မိဘတွေကရော "

"သားသားက ပါးပါးတို့ဆီကို ရောက်ဖို့အဝေးကြီးကနေ လာခဲ့တာ "

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now