7 Unicode font

23.8K 349 15
                                    

      ဟော့ဝပ်နဲ့ချာချီတို့ ညီအကို ၂ယောက်က ဟန်မုံစဖုတ်ကို တခါစားပြီးတာနဲ့ တန်းတန်းဆွဲအောင်အထိ အရူးအမူးဖြစ်နေကာ အာခီရာ ပြန်မလာခင်အထိ ဟန်မုံက ကုတင်ပေါ်ကနေ လုံးဝဆင်းခွင့်မရခဲ့ဘူး။ သူ့ရဲ့ သေးငယ်ကြပ်နေတဲ့ အပေါက်တွေအကုန်လုံးက အချိန်ပြည့်ကို မာကြောပူလောင်တဲ့အချောင်းတွေနဲ့ ပိတ်ခံထားရပြီးတော့ ဟန်မုံတစ်ယောက် လှုပ်ဖို့အားသေးသေးလေးတွေတောင် မကျန်တော့ဘူး။ သူ့ဘဝက ပိုပြီးတော့တောင် မှောင်မိုက်လာသလိုပဲ။ စေးကပ်နေတဲ့ ကုတင်ပေါ်မှာ သူက နုံးချိစွာနဲ့ လှဲလှောင်းနေတယ်။ သူ မျက်လုံးတွေ မဖွင့်နိုင်တော့ပေမဲ့ သူ့ကို ဟော့ဝပ်ညီအကိုက အဝတ်လဲပေးပြီး သန့်ရှင်းတဲ့ အိပ်ရာပေါ် လှဲ‌နေဖို့ ပြောင်းပေးထားတယ်။

"မုံမုံလေး နိုးလာရင် စွပ်ပြုတ်ပူပူလေး သောက်ရမယ်နော် " နွေးထွေးတဲ့အသံနဲ့ ညီအကိုက ဟန်မုံကို ပြောသည်။ ခွန်အားကြီးမားလှတဲ့ ယောက်ျားတွေရဲ့ အားအင်က ကြောက်မက်ဖွယ်ရာပဲ။ ဟန်မုံပင်ပန်းစွာ အနားယူလိုက်သည်။ 

    ဘယ်အချိန်ထိ အိပ်ပျော်သွားလဲတော့ မသိဘူး။ နိုးလာတော့ အာခီရာက သူ့ဘေးနားမှာ မှောက်ယက်လှဲနေပြီး ခြေထောက်တွေကို ထောင်ကာ ယမ်းနေတယ်။ ပန်းရောင်ဝတ်စုံလေးက အာခီရာကို ပိုလို့တောင် နူးညံ့သွားစေပြီးတော့ အာခီရာက ချစ်စရာကောင်းတဲ့ ပန်းပွင့်ကလစ် ၂ ခုကို ပန်ထားသည်။ ပါးဖောင်းဖောင်းလေးတွေက သကြားလုံးကြောင့် ပိုတောင်ဖောင်းနေသေးသည်။ အာခီရာက အစစ်အမှန်ကို ချစ်ဖို့ကောင်းပြီး လှပသည်။ဟန်မုံစိတ်ထဲ တွေးမိသည်။ သူတို့တောင်မှ အာခီရာလေးကို အလွန်အမင်းချစ်နေလျှင် ဟောလ်သာဆို ဘယ်လောက်ထိ အသည်းအူယားကာ ချစ်မြတ်နိုးနေမည်ကိုတွေးမိသောအခါ သူ အာခီရာအတွက် ကြည်နူးမိသည်။

" အာ ဟန်မုံ နိုးပြီလား? အစ်ကိုကြီးတို့က ပြောတယ်။ ဟန်မုံက တအားပင်ပန်းနေလို့ နေမကောင်းဘူးတဲ့၊ အခုရော သက်သာလားဟင် အာခီရာ မကောင်းတာပါ၊ ဟန်မုံတစ်ယောက်ထဲ ကျန်ခဲ့တော့ အလုပ်ပင်ပန်းတယ်မလား " အာခီရာက ဟန်မုံလက်ကို သူ့ပါးပြင်၌ ကပ်ရင်း မေးလေသည်။ ဟန်မုံက အာခီရာထက် အသက်ပိုကြီးတာကြောင့် အာခီရာက ဟန်မုံကိုဆို ပိုပြိး အချွဲပိုလေ့ရှိတယ် ။

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now