We're growing together until being adolescents

17.4K 394 19
                                    


Unicode

ရာသီတွေ အလီလီပြောင်းခဲ့ပြီးတော့ နေ့ရက်တွေကလည်း တဖြည်းဖြည်း ကုန်ဆုံးသွားတယ်။ မြောက်ပိုင်းရဲ့ ဒေသတစ်ခုက တောင်ထိပ်ပေါ်မှာ လူငယ်လေးတွေက တဖြည်းဖြည်းကြီးပြင်းလာကြပြီ။

    "ဟောလ်ရေ ငါ အိမ်ကနေ ‌အသားပေါင်းတွေ ယူလာတယ် အရမ်းအရသာရှိတာပဲ " အာခီရာက အသားပေါင်းထုတ်တွေ ကိုင်ကာ ‌မြူနှင်းသာ စံအိမ်‌ထဲကို ပြေးဝင်လာသည်။

" ငါ ဒီမှာ " ဓားရေးလေ့ကျင့်နေတဲ့ ဟောလ်က အသံပေးလိုက်သည်။ လေ့ကျင့်ထားတာကြောင့် ချွေးတွေ စိုရွှဲနေတဲ့ ဆယ်ကျော်သက်ကလေးက ကြွက်သားတွေနဲ့ ရဲရင့်ဝင့်ကြွားနေလေသည်။

" မင်း လေ့ကျင့်ပြီးလား ပြီးရင် ရေသွားချိုး ငါ စားဖို့စောင့်မယ် အရီးရဲ့ဟင်းချက်လက်ရာက အရမ်းကောင်းတာပဲ ငါ အခုတောင် ဗိုက်ဆာနေပြီ  အိုး မင်းအိမ်မှာ ဘာရှိလဲ ငါ သွားကြည့်လိုက်မယ် မင်း ရေချိုးပြီးရင် စားရအောင် "

အာခီရာက ထိုသို့ပြောပြီး မီးဖိုချောင်ကို ပြေးသွားသည်။ သာမန်လူမပြောနှင့် အရာရှိတွေကတောင် အနားမကပ်ရဲသည့် မြူနှင်းသာစံအိမ်က အာခီရာအတွက် ကစားကွင်းလို ဖြစ်နေတာ ဆယ်စုနှစ်တစ်ခုပင် ဖြစ်နေပြီ ဖြစ်သည်။

ဟောလ်က ပြေးသွားတဲ့ အကောင်ပေါက်လေးကို ကြည့်ကာ ပြုံးလိုက်သည်။ ရေချိုးဆောင်ကို လာပြီးတော့ သူက ရေကန်ထဲမှာ အေးမြတဲ့ ရေကို စိမ်နေတယ်။ ရေကန်က အေးမြကြည်လင်နေပြီး သင်းပျံ့တဲ့ရနံ့တွေလည်း ရှိတာကြောင့် ဟောလ် အချိန်ကြာ စိမ်နေတယ်။

" ဟောလ်ရေ မပြီးသေးဘူးလား ဝါးးး မိုက်လိုက်တာ ငါလည်း ရေစိမ်ချင်တယ်  "

ဟောလ်တားချိန်ပင် မရသေး အာခီရာက အဝတ်တေကို ကြမ်းပြင်ပေါ် ပစ်ချကာ ရေကန်ထဲကို ဗြုန်းဆို ခုန်ချလိုက်သည်။

"ဟူးးး ကောင်းလိုက်တာ " အာခီရာက ရေကန်ထဲ ပက်လက်အိပ်စိမ်နေပြီးနောက် ကန်ဘေးက အလှဆင်ထားတဲ့အရာတေကို စိတ်ဝင်စားသွားတာကြောင့် ထရပ်ကာ လိုက်ကြည့်နေတော့သည်။

ဆန့်ကျင်ဖက်အနေနဲ့ ဟောလ်က အာခီရာရဲ့ ဖင်ဖြူဖြူတွေကို မြင်လိုက်ရတော့ သူက ထကြွလာတော့သည်။ သူ့ရဲ့ အရွယ်နဲ့မမျှအောင် ကြီးမားတဲ့အရာက မာကြောလာတာကြောင့် အတော်လေး ခက်ခဲနေသည်။

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now