5

32.2K 451 20
                                    

 အာခီရာမိဘတွေ အိမ်ကို ၂ ရက်ကြာတဲ့အခါ ရောက်တယ်။အာခီရာမှာ ဟော့ဝပ်နဲ့ ချာချီဆိုတဲ့ အစ်ကို ၂ ယောက်ရှိတယ်။ သူတို့က အာခီရာ ငယ်ငယ်တုန်းက စစ်တိုက်ထွက်သွားပြီး အခုမှ ပြန်လာကြတာဖြစ်တယ်။ ဟောလ်အတွက်က အာခီရာမိဘတွေနဲ့က ရင်းနှီးတယ်။ ဘာလို့ဆိုတော့ အာခီရာအဖေကို နန်းတော်ထဲ ဝင်ခွင့်ရအောင် ဟောလ်ပဲ ထောက်ခံထားတာ။ အမတ်ကြီးနဲ့ သခင်မက သူ့ကို ဖော်ဖော်ရွေရွေဆက်ဆံတယ်။ 


"အာခီရာ ပြန်လာပြီ " ပန်းပွင့်လေးလို လှပတဲ့ ကောင်လေးက လက်ဖက်ရည်ပန်းကန်လေး သယ်ပြီး ထွက်လာရင်း ပြောတယ်။ 


ဟောလ်က သူ့ကို ခဏတွေးနေပြီးမှ သတိရတယ်။ သူက "ဟန်မုံ" ။ ဟောလ်တို့နဲ့ ကျောင်းနေဖက်ပဲ။ ဟောလ်ငယ်ငယ်တုန်းက ဟန်မုံနဲ့ အာခီရာကို သူပဲ စောင့်ရှောက်ခဲ့တာ။ ဟန်မုံကိုတော့ သူက ညီငယ်လေးလို စောင့်ရှောက်ခဲ့ပြီး အာခီရာကိုတော့ သူက ဇနီးလေးလို ဆောင့်*လျက်*ခဲ့တာပေါ့။ 


" ဟုတ်တယ်။ ဟန်မုံရေ ဟောလ်ပါ ပါလာတယ်လေ ၊ ဒါနဲ့ ကိုကြီးတို့ရော " 


"အကိုတို့က မနက်ပိုင်းလေ့ကျင့်ဖို့သွားတယ် " ဟန်မုံက နူးညံ့စွာ ပြန်ဖြေတယ်။ 


"အဲတာဆို ငါ လိုက်သွားဦးမယ် " အာခီရာက အိမ်ရောက်တာနဲ့ ကိုကြီးနဲ့ ကိုငယ်ဆီပြေးသွားတယ်။ 


ဟောလ်ကတော့ အမတ်ကြိီးတို့ လင်မယားရယ် ပြီးတော့ ဟန်မုံရယ်နဲ့ စကားပြောရင်း ကျန်ခဲ့တယ်။ 


ပထမဆုံးရက်မှာတင် အာခိရာက သူ့အကိုတွေနဲ့ လျှောက်သွားနေပြီး ညကျတော့လည်း အိမိတော်က ပွဲတော်ကြောင့် ဟောလ် သူ့ဇနီးလေးကို မတွေ့ရသေးပေ။ ညရောက်တော့လည်း မတွေ့ရ။ နောက် ၂ ရက်လောက်အထိ အာခီရာနဲ့ မထိရ မတွေ့ရနဲ့ ဟောလ် တွေ့သမျှလူကို စိတိမကြည်တော့ပေ။ အဲတာကြောင့် ဟောလ် အာခီရာ အိပ်ဆောင်ဖက် လာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ချာချီအဆောင်ထဲက ထွက်လာတဲ့ ဟန်မုံကို တွေ့လိုက်ရတယ်။ ဟန်မုံက သူ့ကို မြင်တော့ ရှက်သွားတယိ။ ဟန်မုံက ဒီအိမ်က မွေးစားသားပါ။ ဟိုညီအကို ၂ ယောက်ကတော့ မွေးစားသားလေးကို အားသလို နှိုက်စားနေကြတာ။ ဟောလ် လိုရင်းပဲ မေးလိုက်တယိ။ 

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now