Part 8 ( 2.8 )

3.5K 432 15
                                    

တုရွှီလန်က ' Lord God ' ကနေ ထိန်းချုပ်ထားတဲ့ data ပဲ။ သူ့လို ထာဝရရှင်သန်နေတဲ့ ဝိညာဉ်မှမဟုတ်တာ။ သူ့နောက်ကို ဘယ်လိုလိုက်နိုင်မှာလဲ။ ဆေးလိပ်သောက်တာက ပုံမှန်အကျင့်တခု ပြီးတော့ ခြေဟန်လက်ဟန်တူတာကလည်း ပုံမှန်ပဲ။

ကျူးယွင်ရှန့် သူ့ကိုယ်သူ လက်ခံယုံကြည်ခိုင်းပေမယ့် သူ့နှလုံးသားထဲ ခံစားရတဲ့ ခါးသီးမှုကတော့ မပြောပြနိုင်အောင်ပါပဲ။

ဒါပေမယ့် အဲအကြောင်း စဉ်းစားဖို့ အချိန် အကြာကြီးမရလိုက်ဘူး။ ဖူရွှမ့်က သူ့ဆီ ခဏခဏ ဖုန်းခေါ်ပြီး ၎င်းရဲ့စိတ်အားထက်သန်မှုကို ဖုံးကွယ်ကာ ဆုအကြီးကြီးရဖို့ သူရဲ့ဆီဆေးပန်းချီကို စသင့်နေပြီလို့ အကြံပေးနေသည်။

ဆီဆေးပန်းချီဋ္ဌာနတွင် ဖူရွှမ့်သည် အလွန်တောင့်တင်းတဲ့ နောက်ခံအသိုင်းအဝိုင်းရှိသည်။ သူ့အဖေက တရုတ်နိုင်ငံ ပန်းချီနဲ့လက်ရေးလှပညာ အသင်းအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်ပြီး သူ့အမေက နိုင်ငံတကာတွင် ရှုခင်းပန်းချီဆွဲတော်သည့် ထင်ရှားကျော်ကြားသော ဆီဆေးပန်းချီပညာရှင်တစ်ဦး ဖြစ်သည်။ သူမရဲ့ အပြောင်မြောက်ဆုံး ပန်းချီကားဖြစ်သော " ဂျုံခင်းလှိုင်း " ကို ဒယ်လီဂျာ လေလံပွဲတွင် 7.5 မီလီယံဖြင့် ရောင်းချနိုင်ခဲ့သည်။ ဖူရွှမ့်သည် သူ့မိဘနှစ်ပါးလုံးရဲ့ ကောင်းမွန်တဲ့ ဗီဇကို အမွေလက်ခံရရှိပြီး အသက်ခြောက်နှစ်အရွယ်ကတည်းက သူ့ကိုယ်ပိုင်ပန်းချီပြပွဲကို ကျင်းပနိုင်ခဲ့တာကြောင့် အရည်အချင်းပြည့်ဝသော ပန်းချီဆရာတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒါပေမယ့် အထက်တန်းလွှာမှာ ကျုံးယုံ က ပုံမှန်မဟုတ်တဲ့အပြင် ကံဆိုးချင်တော့ ဖူရွှမ့်က သမရိုးကျအတိုင်း ဖြစ်လာခဲ့သည်။ အရွယ်မရောက်ခင် အောင်မြင်ခဲ့တဲ့ရလဒ်အနေနဲ့ သူက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ကြီးပြင်းလာခဲ့သည်။ အဆင့်မြင့်မြင့် နေတာကြာလာတာနဲ့အမျှ သူ့ရည်မှန်းချက်တွေက တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူ့အရည်အချင်းတွေကို တိုးတက်ပြည့်ဝလာအောင် မကြိုးစားခဲ့ပေမယ့် စားသောက်ခြင်းနဲ့ သောက်စားခြင်းကိုတော့ အလွန်အမင်း ဝါသနာထုံလာသည်။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now