မျက်လုံးတွေ နီရဲနေပြီး ထောင့်မှာ ပုန်းနေတဲ့ ကောင်လေးကို တွေ့လိုက်ရတော့ နဉ်စစ်နျန် လူသတ်ချင်စိတ်ပေါက်သွားအောင် ဒေါသထွက်စိတ်ဆိုးသွားသည်။ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ကောင်လေးကို ချော့မော့ကာ ဘာဖြစ်တာလဲ သူ့ကို ပြောပြဖို့ ဖျောင်းဖျပြောဆိုလိုက်သည်။ အမှန်ကို သိတာနဲ့ တပြိုင်နက် တိုင်တန်းဖို့ ကျောင်းအုပ်ရုံးခန်းသို့ ချက်ချင်းခေါ်သွားလိုက်သည်။
ကျောင်းအုပ်က လျစ်လျှူမရှုဘဲ ဖူရွှမ်း၊ ထန်ဝေ့မင် နဲ့ တစ်ခြားသူတွေကို မြန်မြန်ခေါ်လိုက်သည်။
လူစုလူဝေးထဲမှာ ဖူရွှမ်းကို တွေ့လိုက်တော့ သူရဲ့မောက်မာဝင့်ဝါတဲ့အရှိန်အဝါကို ကျူးယွင်ရှန့် ကြောက်သလိုဟန်ဆောင်လိုက်ပြီး နဉ်စစ်နျန်ရဲ့လက်မောင်းကြား ခန္ဓာကိုယ်ကို ကျုံ့ဝင်ကာ နဉ်စစ်ရဲ့အဝတ်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ အဲအပြုအမှုက နဉ်စစ်ကို ပိုမိုဒေါသထွက်စေပေမယ့် သူကတော့ ကောင်လေးကို သိမ့်မွေ့စွာ ပွေ့ဖက်ပြီး နောက်ကျောကို ဖွဖွပုတ်ပေးကာ နူးညံ့ချိုသာစွာနဲ့ ကြောက်လန့်မှုတွေကို ဖြေဖျောက်ပေးလိုက်သည်။
ထန်ဝေ့မင်နဲ့ တစ်ခြားသူတွေက ' နဉ် ' ကို သိကြတယ်။ နှစ်များစွာကတည်းက သူရဲ့ တည်ကြည်ကြည့်ကောင်းတဲ့ မျက်နှာက စီးပွားရေးမဂ္ဂဇင်းတွေရဲ့ ရှေ့မျက်နှာဖုံးမှာ နေရာယူထားခဲ့သည်။ သူတို့နှစ်ဦးရဲ့ရင်းနှီးကျွမ်းဝင်တဲ့ အပြုအမှုကို မြင်လိုက်တဲ့အချိန် သူတို့နှလုံးသားထဲ မကောင်းတဲ့ခံစားချက်ကို ရုတ်တရတ် ခံစားလိုက်ရသည်။
နဉ်စစ်နျန်သည် ဖုန်းကို ဆွဲထုတ်ပြီး ပြောလိုက်သည်။
" ဒီပန်းချီကား " တောက်ပခြင်း " ကို ဝေ့ရှီရန် ပြီးဆုံးအောင်ဆွဲတာ ငါ စောင့်ကြည်ခဲ့တယ်။ ပန်းချီကားအောက်မှာ ဘာလို့ ဖူရွှမ်းရဲ့နာမည်ရှိနေတာလဲ ငါ မသိဘူး။ ဒီကိစ္စကို ရှင်းလင်းအဖြေရှာဖို့ ဒီနေ့ ငါ ဒီကိုလာခဲ့တာပဲ။ နောက်ပိုင်းမှာ နားလည်မှုလွှဲမှားတာကို တားဆီးဖို့ အခုပြောမယ့်စကားတွေကို အသံသွင်းလို့ ရမလား။ "အသံသွင်းဖို့ သဘောမတူရင် ဝန်ခံတာနဲ့အတူတူပဲ။ ဆရာနဲ့ကျောင်းသားတွေ အားလုံးလည်း ပြင်ဆင်ထားပြီးပြီ သူတို့တွေ ငါ့ကို မမိနိုင်ပါဘူး လို့ ဖူရွှမ်း တွေးလိုက်သည်။ အသံသွင်းသွင်း မသွင်းသွင်း ကိစ္စကြီးကြီးမားမားမှမဟုတ်တာ။ အဲဒါကြောင့် သူ သဘောတူ ခေါင်းငြိမ့်လိုက်သည်။

YOU ARE READING
ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )
Teen FictionOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations Genre - Adventure, Fantasy, Dimension traveller, Romance,BL Status - 193 chapters + extras 15 arcs + epilogue arc က်ိဴ...